တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆)ပေကျော်ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

တာချီလိတ်မြို့၌ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၆)ပေကျော်ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / September 10, 2024
image_latest


တာချီလိတ် စက်တင်ဘာ ၁၀

တာချီလိတ်မြို့၌ ယနေ့ မွန်းတည့် (၁၂)နာရီ တိုင်းတာချက်အရ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်အထက် (၂၉၀) စင်တီမီတာ (၆) ပေကျော်သို့ရောက်ရှိနေပြီး မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁) အဝင်လမ်းရေကျော်ခြင်းနှင့် မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ လူဦးရေ (၃၈၃၈)ဦးသည် ရေဘေးကြုံတွေ့နေရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက် နံနက်အစောပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်းနှင့် မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုများကြောင့် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် စိုးရိမ်ရေမှတ် (၃၉၀) စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မိုးဆက်လက်ရွာသွန်းနေပြီး ချောင်းရေများ ဆက်လက်မြင့်တက်လာလျက်ရှိသဖြင့် သက်ဆိုင်ရာဌာနများက ရေဘေးအန္တရာယ် အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် အောင်မြတ်ခန်းမတွင် ကူညီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်နယ်မှ ယာယီဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်တို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ထမင်းထုပ်များ၊ ရေသန့်ဘူးများ လိုက်လံဝေငှ‌ပေးခြင်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေးအတွက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင် တင်ခံနေသော အမှိုက်သရိုက်များအား စက်ယန္တရားနှင့် လူအင်အားများဖြင့် ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့။


Posted on Oct 07, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ အောက်တိုဘာ ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 06, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။


Posted on Oct 05, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။


Posted on Oct 04, 2024

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။


Posted on Oct 03, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 02, 2024
AnnouncementsExplore more >

စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်

Posted on Oct 5, 2024

၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) ဖြင့် ၂၄-၅-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှစတင်၍ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္စ

Posted on Oct 4, 2024

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္စ

စိတ်အခြေအနေနှင့်လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းကြေညာခြင်း

Posted on Oct 4, 2024

စိတ်အခြေအနေနှင့်လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းကြေညာခြင်း