တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင် ပွဲတော်လာဧည့်ပရိသတ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင် ပွဲတော်လာဧည့်ပရိသတ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ
Ministry of Information/ Naypyitaw / November 01, 2025
တောင်ကြီး အောက်တိုဘာ ၃၁
မြိုင်မြိုင်ဆိုင်ဆိုင်လတန်ဆောင်တိုင်ဆိုသည့်အတိုင်း ၂၀၂၅ ခုနှစ် တောင်ကြီးမြို့၏ ရိုးရာမပျက်တန်ဆောင်တိုင်ပွဲသည် အောက်တိုဘာ ၃၀ ရက် ည ၇ နာရီက အဝေရာမီးပုံးပျံကွင်း၌ ဒုတိယညတွင် ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာဧည့်ပရိသတ်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ ကြက်ပျံမကျစည်ကားသိုက်မြိုက်စွာလာရောက်၍ မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်နေမှုများနှင့်ပွဲတော်ကိုပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ကြည့်ရှုအားပေး
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ပွဲတော်လာပြည်သူများ၊ မီးပုံးပျံလွှတ်တင်သည့်ကွင်းအတွင်းဆင်း၍လာရောက်ယှဉ်ပြိုင်ကြသည့် မီးပုံးပျံအဖွဲ့သားများ၊ မီးပုံးပျံကိုအကဲဖြတ်အမှတ်ပေးကြမည့်ဒိုင်အဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားပြီး စိန်နားပန်မီးပုံးပျံလွှတ်တင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဒုတိယညတွင်လည်း ခေတ်ပေါ်တေးဂီတဖြင့် ဒေသခံအဆိုတော်များက ဖျော်ဖြေတင်ဆက်ကြပြီး ညမီးကြီးမီးပုံးပျံ ခြောက်လုံး၊ စိန်နားပန်မီးပုံးပျံငါးလုံး စုစုပေါင်း ၁၁ လုံး လွှတ်တင်ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပွဲတော်လာပြည်သူများနှင့်အတူ မီးပုံးပျံအသေးများ လွှတ်တင်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Posted on Oct 31, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Posted on Oct 30, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Posted on Nov 1, 2025ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
