တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်
တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်
Ministry of Information/ Naypyitaw / April 01, 2026
တောင်ကြီး မတ် ၃၁
ရှမ်းပြည်နယ်တောင်ကြီးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့်ကိုက်ညီသည့် သင်္ကြန်ပွဲတော်ဖြစ်စေရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း၍ စနစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ကြီးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုမဏ္ဍပ်အား အလျား ၁၀၄ ပေ၊ အနံပေ ၄၀ ဖြင့်လည်း ကောင်း၊ အခြားရေကစားမဏ္ဍပ်ရှစ်ခုတို့အား အလျားပေ ၅၀၊ အနံပေ ၃၀ ဖြင့်လည်းကောင်း စုစုပေါင်းမဏ္ဍပ်ကိုးခုဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တစ်လျှောက်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စက်သုံးဆီချွေတာခြင်းအားဖြင့် လမ်းလျှောက်သင်္ကြန်ကိုလည်း တောင်ကြီးမြို့ သပြေလမ်းထိပ်မှ မဲခေါင်ရိပ်သာအထိ ပေ ၁၆၀၀ ခန့်ဖြင့်လည်းကောင်း၊ Ocean Center မှ Jasmine Hotel အထိ ပေ ၇၅၀ ခန့်ဖြင့်လည်းကောင်း တိုင်းရင်းသား မိဘပြည်သူများ အားလုံး ပါဝင်ဆောင်ရွက်နိုင်ရေး စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား နှစ်စဉ်နှစ်တိုင်းထက် ပိုမိုထူးခြားလေးနက်စွာကျင်းပသွားနိုင်ရန် စတုဒိသာကျွေးမွေးမည့် အစီအစဉ်များအပြင် မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်ကမ်ပိန်း၊ လက်ဖက်ကမ်ပိန်း၊ မြန်မာ့ရိုးရာထမနဲ ကမ်ပိန်းစသည့် ထူးထူးခြားခြားအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှပြိုင်ပွဲများအား တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများမှပါဝင်မည့် ယိမ်းအကပြိုင်ပွဲဝင်များနှင့် ဖျော်ဖြေရေးယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံခေတ်ပေါ်တေးဂီတ အဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများ နှစ်သစ်တွင် ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာယာရေးအတွက် သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်း (၃) ရက်နေ့အထိ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ နှစ်ဆန်း (၁)ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်ဝေ(ပြန်/ဆက်)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
