ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-ဧလာရထားလမ်းပိုင်းအတွင်း လမ်းပိုင်းကြံ့ခိုင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းခွင်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပျဉ်းမနားဘူတာ ပြန်လည်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းခွင်၊ ဝန်ထမ်းများခေတ္တအခြေပြုနေထိုင်သည့် ယာယီစခန်းများအား ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နေပြည်တော်-ဧလာရထားလမ်းပိုင်းအတွင်း လမ်းပိုင်းကြံ့ခိုင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းခွင်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပျဉ်းမနားဘူတာ ပြန်လည်မွမ်းမံ တည်ဆောက်ရေးလုပ်ငန်းခွင်၊ ဝန်ထမ်းများခေတ္တအခြေပြုနေထိုင်သည့် ယာယီစခန်းများအား ကြည့်ရှုစစ်ဆေး


Ministry of Transport and Communications/ Naypyitaw / May 01, 2025
image_latest


နေပြည်တော် ၊ ဧပြီ ၃၀

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့လိုက်ပါ၍ ဧပြီလ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းတွင် နေပြည်တော်-ဧလာရထားလမ်းပိုင်းအတွင်း စက်ယန္တရားကြီးများဖြင့် လမ်းပိုင်းကြံ့ခိုင်မှု ဆောင်ရွက်နေသည့်လုပ်ငန်းခွင်နေရာ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပျဉ်းမနားဘူတာပြန်လည်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းခွင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ ခေတ္တအခြေပြုနေထိုင်သည့် ယာယီစခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ဧလာ ရထားလမ်းပိုင်းအတွင်း ပြည်ဝင်ဘူတာယာဒ်ဝင်း၊ အစုန်ရထားလမ်း၌ ရထားများအမြန်နှုန်းမြှင့်တင်နိုင်ရေးအတွက် Automatic Lining, Levelling and Tamping Machine-ALLTM စက်ယန္တရား အသုံးပြု၍ သံလမ်းကြံ့ခိုင်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းခွင်နေရာသို့ ရောက်ရှိစစ်ဆေးပြီးနောက် စက်ယန္တရားအား သတ်မှတ်စံနှုန်းအတိုင်း ထိရောက်အောင် ကိုင်တွယ်အသုံးပြုရေးနှင့် စဉ်ဆက်မပြတ်အသုံးချနိုင်ရေး၊ ဝန်ထမ်းများကျွမ်းကျင်မှု ပိုမိုပြည့်ဝလာစေရေး၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှု စနစ်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်စေရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားဘူတာသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေသည့် ဘူတာအဆောက်အဦ၊ လက်မှတ်ရောင်းချသည့်နေရာအား  ပြန်လည်မွမ်းမံတည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ပိုမိုတောင့်တင်းခိုင်မာသည့် တိုင်၊ တန်းများနှင့် အမိုးများအဖြစ် ပြင်ဆင်တည်ဆောက်ရေး၊ ခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်မဖြစ်ပေါ်စေရန် အထူးသတိပြုရေးတို့ကို မှာကြားသည်။ ယင်းနောက် ဘူတာဧရိယာအတွင်း ချို့ယွင်းပျက်စီးနေသည့် ရထားသွားလာမှု ထိန်းချုပ်ရေးစနစ်အား အမြန်ဆုံးပြန်လည်ပြင်ဆင် အသုံးပြုနိုင်ရေးတို့ကိုလည်း မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး(ပို့ဆောင်ရေး)မှ ဝန်ထမ်း၊မိသားစုများ ခေတ္တအခြေပြုနေထိုင်သည့် ယာယီစခန်းသို့ ရောက်ရှိပြီး နေထိုင်မှု၊ ချက်ပြုတ်စားသောက်မှု၊ ကျန်းမာရေးစီစဉ်ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဌာနပိုင်မြေနေရာသို့ ရောက်ရှိပြီး ဝန်ထမ်း၊ မိသားစုများ နေထိုင်မည့် ဘာရှာအဆောက်အဦ ဆောက်လုပ်ရန် အကွက်ချထားမှုကို စစ်ဆေး၍ တည်ဆောက်မှု အမြန်ဆုံးစတင်နိုင်ရေး၊ ရေမီးအဆင်ပြေစွာရရှိရေး စီမံဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဒက္ခိဏသီရိ ဆက်သွယ်ရေးစခန်းရုံးသို့ရောက်ရှိပြီး ရုံးဧရိယာအတွင်း ဝန်ထမ်း၊ မိသားစုများအား ခေတ္တနေရာချထားပေးမှု၊ စားသောက်ရေး စီစဉ်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်း၊ မိသားစုများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းစီမံပေးခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Apr 28, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 27, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Posted on Apr 26, 2025
AnnouncementsExplore more >

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Posted on Apr 28, 2025

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,