ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ သစ်စိမ်းမြေဩဇာများ ထောက်ပံ့ပေးအပ်

ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ သစ်စိမ်းမြေဩဇာများ ထောက်ပံ့ပေးအပ်


Ministry of Information/ Naypyitaw / May 11, 2026
image_latest


နေပြည်တော် မေ ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းသည် မေ ၈ ရက်က ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ ကြို့ကုန်းကျေးရွာအုပ်စုနှင့် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာမှ နွေစပါးစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး တောင်သူများအား သစ်စိမ်းမြေဩဇာပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ ရေဆင်းပေါ်ဆန်း - ၁ မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်စိုက်ခင်းနှင့် နွေစပါးအောင်နိုင်တိုး ဧက ၃၀ စံပြကွက်အား စုပေါင်းမြေဩဇာကြဲပက်ပွဲကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်မြို့ရှိ သာလီစွသဘာဝမြေဩဇာထုတ်လုပ်ငန်း၊ အုတ်ဖိုမြို့နယ်ရှိ ဒီကို (Deko) အမှတ်တံဆိပ် အဆင့်မြင့်စူပါဘိုကာရှီ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုပြီး သာယာဝတီမြို့၌ Rice Export Zone စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးကာ သစ်စိမ်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026