ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ (၃၁) ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / March 29, 2024
image_latest


ရန်ကုန် မတ် ၂၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံမှကြီးမှူး၍ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံလွမ်ပရာဘန်မြို့၌ ကျင်းပခဲ့သည့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့်အစည်းအဝေး (The 31st Meet-ing of the ASEAN Socio-Cul-tural Community (ASCC) Coun- cil) သို့ တက်ရောက်ပြီး မတ် ၂၆ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

အစည်းအဝေး၌ လာအိုနိုင်ငံ၊ အာဆီယံလူမှု-ယဉ်ကျေးမှုဝန်ကြီး၊ ယဉ်ကျေးမှု၊ ခရီးသွားနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး Mrs. Sunanesavanh VIGNAKET က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်အရာရှိကြီးများ၊ လာအို နိုင်ငံ၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အတည်ပြုနိုင်ရေး ဆွေးနွေး

အစည်းအဝေး ပထမပိုင်းတွင် အိမ်ရှင်လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်၏ မဟာဗျူဟာအစီအစဉ်ရေးဆွဲရေး လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ (၄၄) ကြိမ်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့တင်ပြမည့် မှတ်တမ်းမှတ်ရာများ၊ အစည်းအဝေးအစီရင်ခံစာများ၊ ကြေညာချက်များနှင့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု - ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီ၏မှတ်တမ်းအကျဉ်းချုပ်တို့ကို အတည်ပြုနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် လာအိုနိုင်ငံ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ ဆက်စပ်ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့်မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ကြပြီး ၂၀၂၅ အလွန် အာဆီယံ-လူမှုယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်၏ မဟာဗျူဟာအစီအစဉ်ရေးဆွဲ ရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုတို့နှင့်စပ်လျဉ်း၍ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်ဆက်စပ် လုပ်ငန်းအစုအဖွဲ့များ၏ ကြုံတွေ့နေရသည့် အဓိကဦးတည်ရာများ၊ ၂၀၂၅ အလွန် အာဆီယံပြည်သူများ၏ ဘဝကောင်းကျိုးချမ်းသာ တိုးတက်စေရေးအတွက် အာဆီယံ၏လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း မဏ္ဍိုင်အနေဖြင့် နောင်လာမည့် နှစ် ၂၀ အတွင်းမဏ္ဍိုင်၏ အဓိကနယ်ပယ်များဖြစ်သည့် အားလုံးပါဝင်သည့် တက်ကြွကြံ့ခိုင်၍ ရေရှည်တည်တံ့ခိုင်မြဲမည့် အသိုက်အဝန်းနှင့် အာဆီယံ၏ စရိုက်လက္ခဏာများကို မြှင့်တင်ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ကြိုဆိုထောက်ခံ

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လာအိုနိုင်ငံအာဆီယံအလှည့်ကျတာဝန်ယူစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူမှုယဉ်ကျေးမှုဆိုင်ရာ ဦးစားပေးလုပ်ငန်းများကို တက်ရောက်လာကြသည့် အာဆီယံအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့်အတူ ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးပြော ကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဂုဏ်ပြုညစာစားပွဲတက်ရောက်

ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့်အတူ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ADME (ASEAN Data-base for Monitoring and Eva-luation System) စတင်ဖွင့်လှစ် သည့် အခမ်းအနားနှင့် (၃၁) ကြိမ်မြောက် အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီဝန်ကြီးများအဆင့် အစည်းအဝေးအထိမ်းအမှတ်အဖြစ် လာအိုနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

လွမ်ပရာဘန်မြို့သို့ ရောက်ရှိနေစဉ်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဆွမ်းလောင်းလှူပွဲ၊ Xieng Thong Temple လွမ်ပရာဘန်မြို့အမျိုးသားပြတိုက်နှင့် Tat Kuang Si ရေတံခွန်များသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024
AnnouncementsExplore more >

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on Apr 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Posted on Apr 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Posted on Apr 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

HOT NEWS
January 4,