ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းမှုနှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းမှု လှည့်လည်စစ်ဆေး

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းမှုနှင့် ရှေးဟောင်းအဆောက်အအုံများပြုပြင်ထိန်းသိမ်းမှု လှည့်လည်စစ်ဆေး


Ministry of Information/ Naypyitaw / August 13, 2024
image_latest


နေပြည်တော် ဩဂုတ် ၁၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ခရေလောကန်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် သမ္ဘူလကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ကန်သစ်ကန်(ပြာသာဒ်ကန်)တို့သို့ သွားရောက်၍ ရှေးဟောင်းရေကန်များ ဆယ်ယူထိန်းသိမ်းမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေလမ်းကြောင်း အမှတ်-၁ ရှိ ရေမြောင်းများ ပြန်လည်ဆယ်ယူထိန်းသိမ်းထားမှု၊ နန္ဒာကန်တူးဖော်ဆယ်ယူပြီးစီးမှုနှင့် အကာအရံဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေး၍ နန္ဒာကန်၏ အကာအရံဆောင်ရွက်ထားမှုကို အာနန္ဒာဘုရားဂေါပကအဖွဲ့က ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။

ထို့နောက် ပုဂံမြို့ဟောင်းအရှေ့ဘက်ကျုံးတူးဖော်မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်မည့် မြောက်ဘက်ကျုံးတူးဖော်ရန်နေရာကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျတူးဖော်သုတေသနပြု မှတ်တမ်းထားရှိနိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အာနန္ဒာဘုရားအား ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားချက်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍အပြင် လိုဏ်ပတ်လမ်းပတ်လည်ရှိ ဗုဒ္ဓဝင်ဇာတ်တော်များ၏ Caption များတွင် အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားရန်၊ မြန်မာဘာသာ Cap Board ကို အနုလက်ရာလှပသေသပ်စွာ ပြုလုပ်ရန်၊ ဗုဒ္ဓခြေတော်ရာပေါ်တွင် အလှူငွေတင်လှူမှုများ မပြုစေရေးနှင့် အလှူခံပုံးသီးသန့်ထားရှိ ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် Archaeological Survey of INDIA (ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းလျက်ရှိသည့် ရှေးဟောင်းအဆောက်အအုံအမှတ် (၁၇၉၁) ရွာဟောင်းကြီးဘုရားတွင် နံရံပန်းချီပိုင်းနှင့် အဆောက်အအုံကြံ့ခိုင်မှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ အိန္ဒိယပညာရှင်အဖွဲ့က အသေးစိတ်ရှင်းလင်းတင်ပြရာ လက်ရာကောင်းကောင်းဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဌာနကပါ ပူးပေါင်းဆောင်ရွက်ရန်နှင့် အိန္ဒိယအဖွဲ့၏ ပညာရပ်ဆိုင်ရာများပါ ရရှိအောင် လေ့လာရန် မှာကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရွာဟောင်းကြီးကန်၊ ရေတော်မုနိကန် တူးဖော်ဆယ်ယူမှုကို ကြည့်ရှုစစ်ဆေးပြီး စိစစ်အကြံပြုချက်များနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026