ဒုတိယဝန်ကြီး ဦးမင်းသူ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဒုတိယဝန်ကြီး ဦးမင်းသူ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / December 11, 2025


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူသည် ၁၀-၁၂-၂၀၂၅ ရက် ဗုဒ္ဓဟူးနေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ လုပ်ငန်း/ဦးစီးဌာနများမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြေတိုင်းဦးစီး ဌာနမှ တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာတွင် ယခုသင်တန်းအားလည်း  မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geoportal စနစ်သို့ Data များထည့်သွင်းထားသည့် ဌာန (၅၇)ဌာနမှ သင်တန်းသား များအားခေါ်ယူ၍ သင်တန်း ပို့ချခြင်း ဖြစ်ပါကြောင်း၊

One Map Myanmar System အား မြန်မာနိုင်ငံတဝန်းလုံးအတွက် ဌာနအသီးသီးမှ Data များစုစည်း၍ တစ်နေရာထဲတွင် စနစ်တစ်ခုတည်းဖြင့် ထိန်းသိမ်းပြီး အချက်အလက်များအား ပြန်လည် မျှဝေပေးနိုင်ရန် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနက Focal Department အဖြစ် တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊

One Map Myanmar System အား တည်ဆောက်ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ VM Server များငှားရမ်း၍ ArcGIS Enterprise Software အသုံးပြုပြီး Network Geodatabase စနစ်ဖြင့် စနစ်တကျသိမ်းဆည်း၍ ပြန်လည်မျှဝေခြင်းများ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း၊ သတင်းအချက်အလက်များအား တည်နေရာနှင့်တကွ တိကျရှင်းလင်းစွာ ဖော်ပြပေး နိုင်မှာ  ဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်ချသူများအတွက် များစွာအထောက်အကူပြုမှာ ဖြစ်ပါကြောင်း၊

ယခုအခါ One Map Myanmar Geoportal သည် ဌာနဆိုင်ရာများအဆင့် အသုံးပြုရန် လွှင့်တင်နိုင်သည့် အနေအထားသို့ရောက်ရှိနေပြီး၊ ဌာနဆိုင်ရာများ အလွယ်တကူ အသုံးပြုနိုင်ရန်  User Interface အား လွယ်ကူရိုးရှင်းစွာ တည်ဆောက်ထားပါကြောင်း၊

One Map Myanmar System အား တည်ဆောက်ရာတွင် Data Security ပိုင်းကို အဓိက ဦးစားပေး၍ ဆောင်ရွက်ထားသဖြင့် သင်တန်းသား/သင်တန်းသူများမှ User Account နှင့် Password များကို အသုံးပြု၍ One Map Myanmar System သို့ ဝင်ရောက်လေ့လာအသုံးပြုရမည်ဖြစ်ကြောင်း၊ One Map Myanmar System အတွင်းရှိ Spatial Data နှင့် Attribute Data များသည် များစွာ အသုံးဝင်သော အချက်အလက်များဖြစ်သည့်အတွက် Data လုံခြုံရေးအား အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

သင်တန်းသား/သင်တန်းသူများအနေဖြင့် One Map Myanmar System ၏ Government Website လွှင့်တင်သည့်အခါ Webpage နှင့် Dashboard များကို အသုံးပြုတတ်စေရန်၊ Public Webpage၊ Public Desktop နှင့် Mobile Application များအသုံးပြုတတ်စေရန် ကြိုးစားသင်ယူပြီး မိမိတို့ဌာနသို့ ပြန်လည်ရောက်ရှိသည့် အချိန်တွင်လည်း ပြန်လည်မျှဝေ သင်ကြားပေးရန် မှာကြားသည်။

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်းအား ၁၀-၁၂-၂၀၂၅ ရက်မှ စတင်၍ ရက်သတ္တ(၁)ပတ်ကြာ စာတွေ့၊ လက်တွေ့ ပို့ချမည်ဖြစ်ပြီး သင်တန်းသို့ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်မတီ၊ တက္ကသိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့များမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၅၂)ဦး တက်ရောက်ကြမည်ဖြစ်သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,