ဒုတိယဝန်ကြီး ဦးရဲတင့် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၊ ခရိုင်ကျောင်းစာကြည့်တိုက်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှု

ဒုတိယဝန်ကြီး ဦးရဲတင့် ပြင်ဦးလွင်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၊ ခရိုင်ကျောင်းစာကြည့်တိုက်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်ကြည့်ရှု


Ministry of Information/ Naypyitaw / June 10, 2025
image_latest


ပြင်ဦးလွင် ဇွန်

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာကြိုးစားသင်ယူကြရေး၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားရေး၊ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတပြည့်ဝကာ စာတတ်ရုံသာမက ပညာပြည့်ဝသူများဖြစ်အောင် ကြိုးစားရေး၊ ကျောင်းသားဝတ္တရား၊ သားသမီးဝတ္တရားကျေပွန်သော လူငယ်များဖြစ်စေရေး၊ မိဘဆရာများနှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိသူများ၊ နိုင်ငံ့အကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြရေးတို့ကို မှာကြားသည်။

ကျောင်းစာကြည့်တိုက် ဝင်ရောက်ကြည့်ရှု

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကလှူဒါန်းသည့် အားကစားပစ္စည်းများပေးအပ်သည်။ ဆက်လက်၍ ကျောင်းစာကြည့်တိုက်ကို ဝင်ရောက်ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအတွက် စာဖတ်ခြင်းမှ အကျိုးကျေးဇူးရရှိစေမည့် ဆွေးနွေးဟောပြောမှုများဖြစ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာဖတ်သူ၊ စာငှားသူတိုးတက်ရေးနှင့် စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးတို့ကို မှာကြားသည်။

လုပ်ငန်းနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များမှာကြား

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံဇုန်နယ်မှူးနှင့် စက်ရုံမှူးတို့အားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို မှာကြားသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ရောက်ရှိပြီး စက်ပစ္စည်းများ စနစ်တကျထိန်းသိမ်းအသုံးပြုရေး၊ စက်ရုံလုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်စေရေးတို့ကို မှာကြားသည်။

ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025
AnnouncementsExplore more >

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း

Posted on Jun 7, 2025

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

Posted on Jun 10, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)

HOT NEWS
January 4,