ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ အခြေခံအလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး
ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ အခြေခံအလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံ၊ အထည်ချုပ်စက်ရုံများ ကွင်းဆင်းအားပေး
Ministry of Information/ Naypyitaw / February 08, 2025
ရန်ကုန် ဖေဖော်ဝါရီ ၇
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံစက်မှုဇုန်ခန်းမ၌ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အကျိုးကို ဆောင်ရွက်နိုင်ရန် အလုပ်သမားအဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အလုပ်သမားအဖွဲ့အစည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိမှတစ်ဆင့် မှတ်ပုံတင်အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြဆောင်ရွက်နိုင်ကြောင်း။
အလုပ်သမားအဖွဲ့အစည်းအသီးသီးသည် အဖွဲ့အစည်းဝင် အလုပ်သမားရရှိသည့် လုပ်ခလစာ၏ နှစ်ရာခိုင်နှုန်းထက်မများသော လစဉ်ထည့်ဝင်ကြေး၊ အလုပ်သမားအဖွဲ့အစည်းများက တာဝန်ယူလုပ်ကိုင်သော ယဉ်ကျေးမှုနှင့် အားကစားလုပ်ငန်းများမှ ဝင်ငွေ၊ သက်ဆိုင်ရာ အလုပ်ရှင်က လှူဒါန်းသောငွေတို့ဖြင့် ရန်ပုံငွေ ထူထောင်ခွင့်ရှိကြောင်း၊ ရန်ပုံငွေကို ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြထားသော လူမှုသက်သာ ချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းစသည့်ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူကျင်းပသော အဆိုပါအလုပ်သမားအဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အများစုက အတည်ပြုချမှတ်ထားသည့် ကိစ္စရပ်များတွင်သာ သုံးစွဲနိုင်ပြီး သက်ဆိုင်ရာအလုပ် အမှုဆောင်အဖွဲ့သည် မိမိအဖွဲ့အစည်း၏ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခုခုတွင် ဘဏ်စာရင်းဖွင့်လှစ်ထားရှိရမည်ဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းသည် ယင်းတို့၏ အဖွဲ့ဝင် အင်အားစာရင်း၊ အဖွဲ့ပိုင်ပစ္စည်းစာရင်းနှင့် ငွေစာရင်းကို နှစ်စဉ်ပုံမှန်စစ်ဆေးရာတွင် စာရင်းစစ်ဆေးပိုင်ခွင့်ရှိသော အသိအမှတ်ပြုလက်မှတ်ရ ပုဂ္ဂိုလ် သို့မဟုတ် ယင်းပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့ဖြင့် စစ်ဆေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရွှေပေါက်ကံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် SHINSUNG နှင့် KPH Co.,Ltd. စက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Posted on Feb 12, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Feb 11, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Posted on Feb 10, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Posted on Feb 09, 2026
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Posted on Feb 08, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Posted on Feb 11, 2026ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Posted on Feb 11, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Posted on Feb 11, 2026၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
