ဒုတိယဝန်ကြီး ဦးသိုက်စိုး မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးသိုက်စိုး မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 02, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁

ချောင်းဆုံမြို့နယ် ရွာလွတ် - ကတောင်စိန်ကျေးရွာချင်းဆက် တောင်ဖြတ်လမ်း၏ အကွေ့များသောနေရာများတွင် ကွန်ကရစ်လမ်းပခုံးခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တောင်ဖြတ်လမ်း ရေရှည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့်နေရာများတွင် မြေထိန်းနံရံများ၊ ရေတိုက်စားမှုကာကွယ်ရေးအစီအမံများ ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ရွာလွတ်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၏ ရွာလွတ်ထုတ်ကုန်အမှတ်တရပစ္စည်း အရောင်းပြခန်းကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်ပြီး တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေကြသည့် ကွမ်သဲကျေးရွာမှ သင်တန်းသူများအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားသည်။

ယင်းနောက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (VDP) စီမံကိန်း၊ ကျေးလက်စီးပွားမြင့်မာရေး ရန်ပုံငွေထူထောင်ခြင်း (RBF) စီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာ သားများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အောင်သဇင်သမဝါယမအသင်းနှင့် မွန်ပြည်နယ်သမဝါယမအသင်းစုချုပ်တို့ ပူးပေါင်းဆောင်ရွက်နေသည့် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ တန် ၉၀ကျ ဆန်စက်နှင့် တန် ၁၂၀ စပါး အခြောက်ခံစက်တို့ကို ကြည့်ရှုစစ်ဆေးရာ အသင်းစု ချုပ်ဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့၏ လုပ်ငန်းဆိုင်ရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများမှ ထွက်ရှိလာသော စပါးများကိုသမဝါယမအသင်းပိုင်ဆန်စက်ဖြင့် ဝယ်ယူကြိတ်ခွဲ၍ ပြန်လည်ရောင်းချခြင်းဖြင့် အသင်းသားတောင်သူများ ပိုမိုအကျိုးဖြစ်ထွန်းနိုင်သဖြင့် အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။

ထို့နောက် မော်လမြိုင်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံပြီး သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်နိုင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမပညာတတ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ သင်တန်းသားများအတွက် ပညာသင်ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် အသစ်ဆောက်လုပ်ထားသော သုံးထပ် RC စာသင်ဆောင်၊ နှစ်ထပ်သင်တန်း သား အိပ်ဆောင်နှင့် ရေချိုးခန်း၊ သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Posted on Feb 02, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 01, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Posted on Jan 31, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Posted on Jan 30, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 29, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026
AnnouncementsExplore more >

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Posted on Feb 1, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Posted on Jan 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။