ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သီလဝါဆိပ်ကမ်းဥပစာလမ်း(၄)လမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သီလဝါဆိပ်ကမ်းဥပစာလမ်း(၄)လမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်


Ministry of Transport and Communications/ Naypyitaw / April 29, 2024
image_latest


ရန်ကုန်၊ ဧပြီ ၂၈

သီလဝါဆိပ်ကမ်း ဥပစာလမ်း()လမ်းသွားလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ခုနှစ် ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ ကျင်းပပြုလုပ်ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့  ဒုတိယဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာနလက်အောက်မှ ဌာနဆိုင်ရာအကြီးအမှူးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများနှင့် သီလဝါဆိပ်ခံတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ နိုင်ငံတကာကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့်ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်းတို့၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ သီလဝါဆိပ်ကမ်းတံတား လုပ်ငန်းရှင်များ၏ အချိုးကျငွေကြေးထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံစီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်းဥပစာလမ်း၊ ()လမ်းသွားလမ်းသစ်ကြီးကို သတ်မှတ်ကာလအချိန်တိုအတွင်း အောင်မြင်စွာတိုးချဲ့ ဖောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုတန်ဘိုး၏ ၇၅ ရာခိုင်နှုန်းကိုပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အဓိကထားကုန်သွယ်လျက်ရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကစ၍ နိုင်ငံတကာကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ သီလဝါဆိပ်ကမ်းဧရိယာမှာ ပို့ကုန်တင်ပို့ခြင်းနှင့် သွင်းကုန်ထုတ်ယူခြင်းလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆိပ်ကမ်းဧရိယာများသို့ ဆက်သွယ်ထားသည့် ရထားလမ်း၊ ကားလမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ထို့အပြင် ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံပိုင်ဆိုင်မှု ပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ်ကမ်းတံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုထားသည့်အတွက် စက်သုံးဆီတင်ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် ယခင် လမ်း သွားလမ်းမှာ မကြာခဏပိတ်ဆို့မှုများ ဖြစ်လာသည့်အတွက် ယခုကဲ့သို့ သီလဝါဆိပ်ကမ်း၊ ဥပစာ လမ်းကိုလမ်းလယ်ကျွန်းအပါ ()လမ်းသွားလမ်းသစ်အဖြစ် အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လမ်းသစ်ကြီးသည်သီလဝါဆိပ်ကမ်းကို ကုန်းတွင်းဆက်သွယ်မှု(Hinterland Connectivity) ပိုမိုကောင်းမွန်လာစေသကဲ့သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး (Multimodal Transport) အခန်းကဏ္ဍကိုလည်း အထောက်အကူဖြစ်စေမည် ဖြစ်သည့်အတွက် အနာဂတ်တွင် နိုင်ငံ၏ကုန်သွယ်မှုပမာဏ တိုးတက်များပြားလာသည်နှင့်အမျှ ယခင်ကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှု(Congestion)များ ထပ်မံမဖြစ်ပွားစေရေးအတွက်လည်း ခေတ်မီနည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ (Technology and Innovation)ကို အသုံးချပြီး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြို့တော်ဝန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လမ်းသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီလဝါဥပစာလမ်း၊ ()လမ်းသွားလမ်းသစ်အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး Wilmar ဆိပ်ကမ်းတံတားသို့ ရောက်ရှိ၍ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။

ယနေ့ဖွင့်လှစ်သည့် ()လမ်းသွားလမ်းသစ်သည် ()မိုင် ()ဖာလုံရှည်လျားပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်းကျပ်၂၈.၃၅၀ ဘီလီ ယံခန့်ကုန်ကျခဲ့ကြောင်း၊ ()လမ်းသွား မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေဖြင့် ကြိုတင်ဖောက်လုပ်ပေးခဲ့သည့်အတွက် ကွန်ကရစ်လမ်းအဖြစ် အချိန်တိုအတွင်း အဆင့်မြှင့်တင် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ကြောင်း၊ ထို့ကြောင့် သီလဝါဆိပ်ကမ်းဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည်စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန်သက်သာပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးလျက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Posted on May 12, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Posted on May 10, 2024
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး (၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့်...

Posted on May 15, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး (၂)/တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် ရွေးချယ်ခြင်းခံရသူများ သတင်းပို့ရမည့် လိပ်စာ/ဖုန်းနံပါတ်

HOT NEWS
January 4,