ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက် ကြည့်ရှုအားပေး
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက် ကြည့်ရှုအားပေး
Ministry of Information/ Naypyitaw / April 17, 2026
နေပြည်တော် ဧပြီ ၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ သင်္ကြန်ပွဲတော်ဆင်နွှဲနေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်သို့ရောက်ရှိရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက လာရောက်ပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ချစ်ပရိသတ်များအကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကိုလည်းကောင်း၊ ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်များမှ သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
