ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ


Ministry of Information/ Naypyitaw / November 23, 2025
image_latest


ပင်းတယ နိုဝင်ဘာ ၂၂

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့မွန်းလွဲပိုင်းတွင် ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်)၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာအထက(ကြိုသက်)မှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် MRTV မှ စီစဉ်ထုတ်လုပ်သည့် “ပြင်းထန်တဲ့ မြေငလျင်ဒဏ်ကို ကျော်ဖြတ်ကာ ပြန်လည် တည်ဆောက်ကြမယ့် ပိုမိုကောင်းမွန်တဲ့အနာဂတ်” နှင့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” Video Clip တို့ကို ဖွင့်လှစ်ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌနှင့် တိုးတက် ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌတာဝန်များ ပေးအပ်ခံထားရသည်နှင့်အညီ နိုင်ငံတစ်ဝန်းသို့ လှည့်လည်သွားရောက်ပြီး လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲက စာတတ်ရန်၊ စာဖတ်ရန်၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်အတွက် ခေါင်းဆောင်များဖြစ်၍ အလေးထားပါကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တည်ငြိမ်အေးချမ်းမှုရှိပြီး သာယာလှပမှုကြောင့် ဘက်စုံဖွံ့ဖြိုး တိုးတက်လျက်ရှိရာ မောင်တို့မယ်တို့အနေဖြင့် ပညာကို ထူးချွန်စွာ တတ်မြောက်အောင်ကြိုးစား သင်ယူကြရန်လိုအပ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းစာကို ကြိုးစားသင်ယူမှုအပြင် စာကောင်းပေမွန်များကိုလည်း ဖတ်ရှုကြရန်တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် MRTV DTH စလောင်းအစုံ ၅၀ နှင့် စာကြည့် တိုက်များအတွက် စာအုပ်စာစောင်များအား ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က MRTV DTH စလောင်း ၁၀ စုံကို တက်ရောက်လာသူများအား မဲဖောက်၍ပေးအပ်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ငွေကျပ်သိန်း ၃၀ နှင့် စာကြည့်တိုက်များအတွက် စာအုပ် / စာစောင်များ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌက ငွေကျပ် ၄၈ သိန်းကျော်၊ ပင်းတယမြို့အနီး ရုပ်ရှင်မြို့တော်ဆောင်ရွက်လျက်ရှိသည့် Forever ကုမ္ပဏီက ငွေကျပ်၂၅ သိန်းတို့အား ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် ပင်းတယမြို့ အထက(ကြိုသက်)မှ ကျောင်းသား ကျောင်းသူများက “ပန်းတိုင်းပွင့်ပြီ မြန်မာပြည်” တေးသီချင်းဖြင့် လည်းကောင်း၊ ဓနုတိုင်းရင်း သားရိုးရာအဆို/အကဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ အဆိုပါအကအဖွဲ့များအား ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဖော်အဲဗားရေဝတီကုမ္ပဏီမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင် ယှဉ်ပြိုင်လျက်ရှိသည့် ကာယ/ဉာဏပြိုင်ပွဲများနှင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံများနှင့် စာအုပ်/စာစောင်များကို လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးတို့၏ ဦးစီးဆောင်ရွက်မှုနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့က ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့်အတူ ပင်းတယမြို့အနီးတွင် ဖော်အဲဗားရေဝတီကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် Studio Complex လုပ်ငန်းခွင်သို့ ရောက်ရှိရာ ကုမ္ပဏီမှတာဝန်ရှိသူများက မြေနေရာစီမံခန့်ခွဲ ဆောင်ရွက်မှုအခြေအနေကို သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း လိုက်နာဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်အတွင်းလမ်းများ ဖောက်လုပ်ခင်းကျင်းမှုကို ရေမြောင်းများအပါအဝင်ဆောင်ရွက်နေမှု၊ မြေအောက်ရေ ရရှိရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် မြေသားကန်၊ တမံများပြုလုပ်၍ ရေစုဆောင်းနေမှု၊ သဘာဝတောကျန်သစ်ပင်များ ထိန်းသိမ်းမှုနှင့် သစ်ပင်မျိုးစုံ ခြောက်သိန်းကျော် ထပ်မံစိုက်ပျိုးထားရှိမှု၊ ရုပ်ရှင်လုပ်ငန်း အထောက်အကူပြုအဆောက်အအုံများအပြင် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်နေမှု၊ နေရောင်ခြည်သုံးစွမ်းအင်ရရှိရေး စီမံဆောင်ရွက်နေမှု၊ ဒေသခံများအလုပ်အကိုင်ခန့် ထားပေးနိုင်မှုနှင့် ပရဟိတအကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ရုပ်ရှင်/ ဇာတ်လမ်းတွဲ ၄၆ ခု၊ ဇာတ်လမ်းတွဲအပိုင်းအား ဖြင့် ၇၅၇ ပိုင်း ရိုက်ကူးထုတ်လုပ်ပြီးစီးမှု၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် သရုပ်ဆောင်များ လာရောက်လေ့လာနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ ရုပ်ရှင်ရိုက်ကူးရေးဆိုင်ရာ အခြေခံအကြောင်းအရာများ ဆောင်ရွက်ခြင်းသည်လည်း အလွန် အရေးကြီးပါကြောင်း၊ ရုပ်ရှင်လောကအတွက် ပထမဦးဆုံး Studio Complex ပေါ်ပေါက်လာမှုနှင့်အတူ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူ ပြုပါကြောင်း၊ ရုပ်ရှင်/ရုပ်သံကြည့် ပရိသတ်များ ပျော်ရွှင်ချမ်းမြေ့မှု၊ အပန်းပြေစေမှု နှင့် စိတ်ခွန်အား ဖြစ်စေမည့် အကျိုးပြုဇာတ်ကားကောင်းများပိုမိုထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အမှုဆောင် ဦးအောင်လွင်နှင့် တက်ရောက်လာကြသူများက ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ထို့နောက် Studio Complex အတွင်း လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက ရိုက်ကူးရေးအထောက်အကူပြု လုပ်ငန်းတစ်ခုဖြစ်သော ခေတ်လွန်မော်တော် ကားများ စုဆောင်းနေမှုအပါအဝင် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြသကြသည်။

ညပိုင်းတွင်လည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ Studio Complex ၌ ရိုက်ကူးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုပြီး ရုပ်ရှင်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,