နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်


Ministry of Information/ Naypyitaw / January 22, 2026
image_latest


တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ဖွဲ့စည်းတည်ဆောက်ထားသော တစ်ခုတည်းသော ခိုင်မာသည့် အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်၏အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးဖြစ်သော်လည်း တပ်မတော်သားများသည် တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာကြသူများဖြစ်၍ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ကို တာဝန်ကျေပွန်စွာ သယ်ပိုးထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး ခေတ်အဆက်ဆက် တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည်။

နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ပြည်ပကျူးကျော်မှုအန္တရာယ်များကို ကာကွယ်ရန်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏လိုအပ်ချက်အရ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများနှင့် ပြည်ပမှကျူးကျော်မှုများကိုလည်း တပ်မတော်က နှိမ်နင်းခဲ့ရသည်။ ထို့အပြင်ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)အပါအဝင် ပြည်တွင်းလက်နက် ကိုင်သောင်းကျန်းသူများအား တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ တပ်မတော်အနေဖြင့် ပြည်တွင်းရန်စွယ်၊ ပြည်ပအန္တရာယ်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းတည်ဆောက် လျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၂၀ ရက် နေ့က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ခိုလမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် “နိုင်ငံတော်တွင် အစိုးရအဖွဲ့များ ခေတ်အဆက်ဆက် မည်သို့ပင် ပြောင်းလဲလျက်ရှိသော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေမည့် ခိုင်မာသည့် အဖွဲ့အစည်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်လည်း တက်လာသည့်အစိုးရများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်း၍ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခဲ့ပြီး စည်းကမ်းတကျဖြင့် တာဝန်ထမ်းဆောင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

တပ်မတော်သည် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်များကို ပြောင်မြောက်စွာ ကာကွယ်ထမ်းဆောင်ခဲ့ပြီး မျက်မှောက်ကာလ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်လည်း နိုင်ငံတော်အကျိုးကို ထိရောက်စွာသယ်ပိုးထမ်းဆောင်ခဲ့သည်။ ယခု ၂၀၂၅-၂၀၂၆ ဒီမိုကရေစီအစိုးရသစ်ကို အကောင်အထည်ဖော်ရာတွင်လည်း တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲစာရင်းများ မှန်ကန်စေရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ခဲ့သည်။ ပါတီများဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်တို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

ရွေးကောက်ပွဲများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ဆောင်ရွက်နေပြီး ပါတီများကလည်း ဒေသအလိုက်သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။ ​ရွေးကောက်ပွဲအပိုင်း(၁)နှင့်အပိုင်း(၂)ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီး မကြာမီရက်ပိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၃)ကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၁)နှင့်အပိုင်း(၂)ရလဒ်များကို ခိုင်မာသည့်စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာ အသိပေးကြေညာထားပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၃)ကို ကျင်းပပြီးနောက် လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့်အစိုးရအဖွဲ့အား ဒီမိုကရေစီလုပ်ငန်းစဉ်များနှင့်အညီ နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေး၊ တည်ဆောက်ရေး ဆောင်ရွက်ချက်များသည် မြန်မာ့သမိုင်းတွင် မော်ကွန်းရေးထိုးထားနိုင်ခဲ့သလို ဆက်လက်၍လည်း ရေးထိုး ထားဦးမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တပ်မတော်နှင့်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲလျက် တာဝန်ထမ်းဆောင်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုများကြားမှ အခက်အခဲများ၊ အကျပ်အတည်းများကို ဖြတ်ကျော်၍ နိုင်ငံတော်၏အကျိုးစီးပွားကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့သည်။ အစိုးရနှင့်ပြည်သူများက တာဝန်ကျေပွန်သလို တပ်မတော်ကလည်း ကျေပွန် စွာထမ်းရွက်ခဲ့သည်။ သို့ဖြစ်ရာ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသလို ဆက်လက်၍လည်း တာဝန်ကျေပွန်စွာထမ်းဆောင်နေမည့် ခိုင်မာသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း။။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Posted on Jan 19, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 18, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Posted on Jan 17, 2026
AnnouncementsExplore more >

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ချက်

Posted on Jan 21, 2026

ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော Agent of Myanmar အဖွဲ့အား ပြည်သူတစ်ရပ်လုံးအနေဖြင့် အားပေးထောက်ခံလျက်ရှိသည်ကို ဝမ်းသာဂုဏ်ယူဖွယ် မြင်တွေ့ရပါသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏...

Posted on Jan 21, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်)၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ

Posted on Jan 21, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း ၂) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှု အခြေအနေ