နိုင်ငံအတွက် အခွင့်အလမ်းကောင်းနှင့် အလားအလာကောင်းများစွာ 

နိုင်ငံအတွက် အခွင့်အလမ်းကောင်းနှင့် အလားအလာကောင်းများစွာ 


Ministry of Information/ Naypyitaw / July 01, 2025
image_latest


ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဥရောပ-အာရှ စီးပွားရေးကော်မရှင် (EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌတို့ ဇွန် ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေး၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမြှင့်တင်ရေး၊ သတ္တုတူးဖော်မှုဆိုင်ရာ နည်းပညာမြှင့်တင်ရေးနှင့် စွမ်းအင်ကဏ္ဍမြှင့်တင်ရေးတို့တွင် နည်းပညာပိုင်းဆိုင်ရာ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ဆောင်သွားနိုင်မည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား တိုက်ရိုက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ ကုန်စည်ပြပွဲများ၊ ဖိုရမ်များကျင်းပခြင်းတို့ဖြင့် စီးပွားရေးကုန်သွယ်မှုအခွင့်အလမ်းကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိ တက်လှမ်းနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအလားအလာကောင်းများစွာကို ဖော်ဆောင်ပေးနိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံတို့ ပါဝင်သည်။ ၂၀၁၃ ခုနှစ် စာရင်းများအရ EAEU ဒေသအတွင်း လူဦးရေ ၁၈၃ သန်းရှိပြီး ဂျီဒီပီအနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ ရှိကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသည့် ဈေးကွက်လည်း ရှိနေသည်။ မြန်မာနိုင်ငံနှင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂတို့အကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်မှစတင်ကာ တစ်နှစ်ထက်တစ်နှစ်ဆိုသလို အရှိန်အဟုန်မြှင့်တင် တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဥရောပ-အာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေး၊ ကုန်သွယ်ရေးစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရှာဖွေဖော်ထုတ်ပြီး တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန်များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကို ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရေးအတွက် အလေးအနက်ထား မေတ္တာ ရပ်ခံလိုကြောင်းတို့ကို နိုင်ငံတော်အကြီးအကဲက စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်၌ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂကို အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်နိုင်စေရန်နှင့် လူနေမှုအဆင့်အတန်း မြှင့်တင်နိုင်စေရန်ဟူသော ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သလို ဥရောပ-အာရှ စီးပွားရေးဖိုရမ်ကိုလည်း ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန် မြှင့်တင်ရန်ရည်ရွယ်၍ နှစ်စဉ်ကျင်းပခြင်းလည်းဖြစ်သည်။

ယနေ့မျက်မှောက်ကမ္ဘာသည် နိုင်ငံတစ်နိုင်ငံ အုပ်စုတစ်စုက လွှမ်းမိုးကြီးစိုးပြီး ကမ္ဘာကြီးကို လိုလျှင်လိုသလို မလိုလျှင်မလိုသလို ဖန်တီးခြယ်လှယ်နေသည့် ဧကဝင်ရိုးကမ္ဘာအဖြစ်မှ ဗဟုဝင်ရိုးကမ္ဘာအဖြစ်သို့ ပြောင်းလဲလာချိန်ဖြစ်သည်။ သို့ရာတွင် အပြောင်းအလဲကာလ၏ စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများမှာ လည်း ဆက်လက်တည်ရှိနေပြီး ယင်းအခြေအနေများကို ရင်ဆိုင်နိုင်ရန်မှာ မိတ်ဖက်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်လိုသည်။ နိုင်ငံတော်အကြီးအကဲ၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂတို့အကြား အပြန်အလှန်ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတို့ကို အားသစ်လောင်း၍ အရှိန်အဟုန်မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Posted on Jun 27, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Jun 26, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 1, 2025

​​​​​​​၁။      နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်း သတ်မှတ်ထားပါသည်။

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း

Posted on Jun 30, 2025

Myanmar Cyber Security Challenge 2025 (အလွတ်တန်းအဆင့်) ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အသင်းများ ဖိတ်ခေါ်ခြင်း