နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၅)နှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၅)နှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်း


Ministry of Information/ Naypyitaw / November 13, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၂

အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ်(၁၅)၏ သင်တန်းဆင်းစစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာ ပြည်) ပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူ ၂၁၃ ဦးတို့ တက်ရောက်ကြသည်။

ဦးစွာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအားအလေးပြုပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးကိုအလေးပြုကာ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ထူးချွန်ဆုရရှိသူဆုများအား ဆုချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

ထို့နောက် ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက အရာထမ်းလောင်းများအနေဖြင့် အမျိုးသားအကျိုးစီးပွားအတွက် သွက်လက်မြန်ဆန်တိကျသော ဝန်ဆောင်မှုများဖြင့် ပြည်သူကို အလုပ်အကျွေးပြုကြရန်၊ အခက်အခဲ အကျပ်အတည်းဟူသမျှရင်ဆိုင်ကျော်လွှားနိုင်ပြီး ဌာနအဖွဲ့အစည်းအတွင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်စွမ်းရှိရန်နှင့် မိမိတို့ကိုယ်တိုင် အရာရာတွင်စံပြဖြစ်အောင် ပြုမူနေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့်အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ၍ လက်အောက်ဝန်ထမ်းများကိုလည်း ထိန်းကျောင်းတည့်မတ်ပေးရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် နဝရတ်ခန်းမ၌ ကျင်းပသည့် ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၇)သင်တန်းဆင်းပွဲသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် အဆင့်မြင့်အရာရှိကြီးများအနေဖြင့် မှန်ကန်သည့်ခေါင်းဆောင်မှုနှင့် မျှတသောဆုံးဖြတ်ချက်များဖြင့် ဌာနအဖွဲ့အစည်းတိုးတက်အောင်မြင်ရန် စနစ်တကျ လုပ်ဆောင်သွားကြရမည်ဖြစ်ပြီး လက်အောက်ဝန်ထမ်းများကိုလည်း အတွေးအခေါ် မှန်ကန်ရေးနှင့် မှန်ကန်သောလမ်းကြောင်းပေါ်သို့ရောက်ရှိရေး ညွှန်ကြားပြသပေးကြရန်၊ နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ရည်မှန်းချက်များအောင်မြင်စေရေး အဘက်ဘက်ကစဉ်းစားတွေးခေါ်သုံးသပ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်ဖြင့် ဦးဆောင်အကောင်အထည်ဖော်ကြရန်၊ မိမိတို့ လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိသူများအဖြစ် အစဉ်ကြိုးပမ်းထမ်းဆောင်ကြရန်မှာကြားကာ သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၁၉ ဦး၊ သင်တန်းသူ ရှစ်ဦး စုစုပေါင်း ၂၇ ဦး တက်ရောက်ခဲ့ကြ ပြီး သင်တန်းကာလမှာ ဇူလိုင် ၂၁ မှ နိုဝင်ဘာ ၁၂ ရက်အထိဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်ပင်မရုံးတွင် တက္ကသိုလ်မှတာဝန်ရှိသူများ၊ ပါမောက္ခ၊ ပညာဌာနမှူးများနှင့်တွေ့ဆုံ၍ စီမံ ခန့်ခွဲရေးဆိုင်ရာများ၊ လုံခြုံရေးနှင့်လေ့ကျင့်ရေး ဆိုင်ရာ ကိစ္စရပ်များတင်ပြမှုအပေါ် လိုအပ်သည်များမှာကြားကာ ရတနာခန်းမတွင် တက္ကသိုလ်ရှိ အရာထမ်းများ၊ အမှုထမ်းများ၊ မိသားစုဝင်များနှင့် တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။

ထို့ပြင် အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၅)၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Posted on Nov 11, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Posted on Nov 10, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 09, 2025
AnnouncementsExplore more >

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ

Posted on Nov 12, 2025

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ရမည့် အချက်များ

ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း

Posted on Nov 12, 2025

ဒဂုံတက္ကသိုလ် အဝေးသင်သင်တန်း (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက် ပြောင်းလဲကြောင်း ကြေညာခြင်း

HOT NEWS
January 4,