နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကျင်းပ

နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၂

နေပြည်တော် - မန္တလေးရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြုပြီး လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဘူတာကြီး အမှတ်(၁)စင်္ကြံ ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာထမ်းအမှုထမ်းများ၊ ဧည့်သည်တော်များနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းတွင် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု၍ လေအေးပေးစက်ပါ လေအိတ်ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ထို့နောက် မြန်မာ့မီးရထားဦးဆောင် ညွှန်ကြားရေးမှူးက ပြည်ထောင်စုဝန်ကြီးအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘက်ထရီလျှပ်စစ် စက်ခေါင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခမ်းအနားသို့ တက်ရောက်ဖျော်ဖြေပေးကြသည့် ကျောင်းသား ကျောင်းသူများ ဘင်ခရာတီးဝိုင်းနှင့် ပန်းဖွားအကအဖွဲ့၊ ရှမ်းအိုးစည်အကအဖွဲ့နှင့် ဒိုးပတ်ဝိုင်းအဖွဲ့တို့ကို ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ပြီး အမှတ် (၂၇) အဆန် နေပြည်တော်- မန္တလေးရထားဖြင့် စီးနင်းလိုက်ပါကြမည့် ခရီးသွားပြည်သူများကို လိုက်လံနှုတ်ဆက်၍ အမှတ်တရ လက်ဆောင်များပေးအပ်ပြီး အဆိုပါရထားဖြင့် လိုက်ပါစီးနင်းကြသည်။

အလားတူ မန္တလေးဘူတာကြီး စင်္ကြံ အမှတ်(၁)တွင် အမှတ်(၂၈) အစုန် မန္တလေး- နေပြည်တော် ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု၍ လေအေးပေးစက်ပါလေအိတ်ရထားတွဲဆိုင်းဖြင့် စတင်ပြေးဆွဲခြင်း အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ ဧည့်သည် တော်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ဆက်

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘက်ထရီလျှပ်စစ်စက်ခေါင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများ ပက်ဖျန်းပေး၍ မန္တလေးမှ နေပြည်တော်သို့ ရထားစီးနင်းလိုက်ပါကြမည့် ခရီးသည်များကို လိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။ အဆိုပါ အမှတ်(၂၈) အစုန်ရထားသည် ခရီးဆုံး နေပြည်တော်ဘူတာသို့ ယနေ့နံနက် ၁၁ နာရီတွင် ဆိုက်ရောက်ခဲ့ရာ ရထားပေါ်စီးနင်းလိုက်ပါလာကြသည့် ခရီးသည်များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

အမှတ်(၂၇) အဆန်/(၂၈)အစုန် ဘက်ထရီလျှပ်စစ်စက်ခေါင်းသုံး ခေတ်မီလေအေးပေးစက်ပါ ရထားတွဲဆိုင်းတွင် ရိုးရိုးတန်းနှစ်တွဲ၊ လေအေးပေးစက်ပါ အထက်တန်းနှစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ၊ စုစုပေါင်းတွဲငါးတွဲဖြင့် ခရီးသည် ၂၃၈ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး အမှတ်(၂၈)အစုန်ရထားသည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော် သို့ ၁၁ နာရီတွင် ဆိုက်ရောက်မည်ဖြစ် ကြောင်း၊ အမှတ် (၂၇)အဆန်ရထားသည် နေပြည်တော်မှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ မန္တလေးမှ ရန်ကုန်သို့ ဆက်လက်စီးနင်း လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် နေပြည်တော်-ရန်ကုန်အကြား ပြေးဆွဲပေးနေသော နေပြည်တော်မှ မွန်းတည့် ၁၂ နာရီတွင် စတင်ထွက်ခွာသည့် (၈)အစုန် ခေတ်မီ DEMU ရထားတွဲဆိုင်း များဖြင့်လည်းကောင်း၊ ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာလာသည့် အမှတ် (၃၁) အဆန် DEMU ရထားတွဲဆိုင်းဖြင့် လိုက်ပါလာသည့် ခရီးသည်များအနေဖြင့် မန္တလေးသို့ အမှတ်(၂၇)အဆန်ရထားဖြင့် လည်းကောင်း တွဲကူးပြောင်း၍ ဆက်လက်စီးနင်းလိုက်ပါနိုင်ကြောင်း သိရသည်။

အမှတ်(၂၇)အဆန်/(၂၈)အစုန်ရထား၏ မန္တလေး-နေပြည်တော်အကြား ခရီးသွားလက်မှတ်ခအနေဖြင့် တစ်ဦးလျှင် ရိုးရိုးတန်းမှာ ငွေကျပ် ၁၅၀၀၀ နှင့် လေအေးပေးစက်ပါ အထက်တန်းမှာ ငွေကျပ် ၂၀၀၀၀ နှုန်း သတ်မှတ်ထားကြောင်းနှင့် နေပြည်တော် - ရန်ကုန်အကြား အမှတ်(၇)အဆန်/ (၈)အစုန်နှင့် အမှတ်(၃၁)အဆန်/(၃၂)အစုန် DEMU ရထားများ၏ ခရီးသွားလက်မှတ်ခအနေဖြင့် တစ်ဦးလျှင် ပထမတန်းမှာ ငွေကျပ် ၁၉၀၀၀ နှင့် အထက်တန်းမှာ ငွေကျပ် ၂၈၀၀၀ ဖြစ်ကြောင်း၊ ခရီးသည်များအနေဖြင့် ရန်ကုန်-မန္တလေးနှင့်မန္တလေး-ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း/ ရိုးရိုးတန်းမှာ ငွေကျပ် ၃၄၀၀၀ နှင့် အထက်တန်း မှာ ငွေကျပ် ၄၈၀၀၀ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဆောင်ရွက်နေပြီဖြစ်

နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုအရ မြန်မာ့မီးရထားက လက်ရှိမြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ် စက်ခေါင်းခြောက်ခေါင်းကို ဘက်ထရီလျှပ်စစ် စက်ခေါင်း (Battery Electric Locomotive - BEL)အဖြစ် ပြောင်းလဲတည်ဆောက်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရေးပေါ်ရန်ပုံ ငွေမှ သုံးစွဲခွင့်ရရှိခဲ့ပြီး စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ၊ နေပြည်တော်တွင် ပြောင်းလဲတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်လည်း မြင်းကောင်ရေ ၁၃၀၀ အား ဒီဇယ်လျှပ်စစ် စက်ခေါင်း ခြောက်ခေါင်းကို အလားတူ ဘက်ထရီလျှပ်စစ်စက်ခေါင်း- BEL အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။           

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,