နှစ်ဆန်းတစ်ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် စည်ကား

နှစ်ဆန်းတစ်ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောင်းမှုကုသိုလ် ပြုလုပ်သူများဖြင့် စည်ကား


Ministry of Information/ Naypyitaw / April 18, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကုန်ဆုံး၍ ၁၃၈၈ ခုနှစ် နှစ်သစ်သို့ကူးပြောင်းသည့် နေ့ထူးနေ့မြတ် အချိန်အခါသမယဖြစ်သည့်အတွက် နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ကာလအတွင်း အတာရေဖြင့် ဆေးကြောသန့်စင်ပြီး စိတ်၏အညစ်အကြေးများကို ကုသိုလ်ဒါနပြုခြင်းဖြင့် ဆေးကြောသန့်စင်၍ နှစ်သစ်ကို မင်္ဂလာရှိစွာ အစပြုကြသည်။

ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှုများ ပြုလုပ်ပေးခြင်း၊ ကန်တော့ခြင်း၊ ဇီဝိတဒါနဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်း၊ ဝတ်ရွတ်အသင်းအဖွဲ့များက ပဋ္ဌာန်းဒေသနာတော်နှင့် ဓမ္မစကြာတရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်းခြင်း စသည့်ကုသိုလ်ကောင်းမှုတို့ဖြင့် နှစ်သစ်ကိုအစပြုကြသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစုစေတီတော်၊ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၊ လှေခွင်းတောင် တန်ခိုးကြီးဘုရား၊ ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တသတ္တာဟသံဝေဇနိယလေးဌာန၊ ဖောင်တော်ချက်မစေတီစသည့် ဘုရားစေတီများတွင် ဥပုသ်သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး ကပ်လှူပူဇော်ခြင်းနှင့် ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ဇီဝိတဒါနအဖြစ် ငါးနှင့် ငှက်များကို အစာကျွေးခြင်း၊ ဘေးမဲ့လွှတ်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိန်းသိမ်းစောင့်ရှောက်၍ နှစ်သစ်ကုသိုလ်အလှူများကို အစဉ်အလာမပျက် ပြုလုပ်လျက်ရှိသည်။

ထို့အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဓမ္မာရုံများ၌လည်း သံဃာတော်များပင့်ဖိတ်၍ ပရိတ်တရားတော်နှင့် အနန္တရာယိက ကမ္မဝါစာများနာကြားကြကာ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းများ ဆောင်ရွက်ကြပြီး နှစ်သစ်ကိုကုသိုလ်ကောင်းမှုများဖြင့် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် စတင်ကြသည်။

သတင်း- အေးအေးသန့်

ဓာတ်ပုံ - အောင်မင်းထွန်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026