နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် အထင်ကရနေရာများအား သွားရောက်ဖူးမြော်လေ့လာ
နှစ် (၈၀) ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် အထင်ကရနေရာများအား သွားရောက်ဖူးမြော်လေ့လာ
Ministry of Information/ Naypyitaw / March 16, 2025
နေပြည်တော် မတ် ၁၆
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့က ၂ သုတ်ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဉယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
အဆိုပါ နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းများမှ ဘုရားဖူးလာ စစ်ရေးပြစစ်ကြောင်းများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း လေ့လာကြည့်ရှု့ကြသည်။
ထို့နောက် ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊ သုဓမ္မာဇရပ်များ မုစလိန္ဒအိုင်နှင့် အခြားသာသနိက အဆောက်အဦများကို ဆက်လက် ဖူးမြော်ကြည်ညို ကြသည်။
ထို့ပြင် အဆိုပါစစ်ရေးပြစစ်ကြောင်းများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် သူရဲကောင်းဗိမ္မာန်တို့ကို သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Mar 11, 2026နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on Mar 11, 2026အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
Posted on Mar 11, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း
