ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယက ကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင်ပွဲ ပြုလုပ်
ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယက ကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင်ပွဲ ပြုလုပ်
Ministry of Information/ Naypyitaw / October 27, 2024

နေပြည်တော် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားနှင့် မုဒ်ဦးဖွင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရဖွဲ့မှ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်ကြီးများက နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး ဇယန္တောအောင်ဂါထာဖြင့် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို စတင်ခဲ့သည်။ ထို့နောက် မန်ဆူဆရာတော်က ဦးဆောင်၍ အုတ်မြစ်တော်စီမင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အမွေးနံ့သာများပက်ဖြန်းခြင်းနှင့် ကံ့ကော်ပင်စိုက်ပျိုးခြင်းကို ပြုလုပ်သည်။ ယင်းနောက် မန်ဆူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမုဒ်ဦးကို ဖွင့်လှစ်ပေးပြီး ကျောင်းတိုက်ရှိ ဓမ္မစကူးကျောင်းသား၊ ကျောင်းသူများနှင့် ယာယီနေရပ်စွန့်ခွာနေသူများအား စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မန်ဆူဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက မန်ဆူဆရာတော် ပင့်ဆောင်လာသော ဓါတ်တော်၊ မွေတော်များကို ပင်လုံမြို့၊ မွေတော်ဟိုးနား ရှေ့ဟောင်းစေတီတော်အတွင်းသို့ လိုက်ပါပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
Myanmar National Human Rights Commission Statement No (10/ 2025)
Posted on Aug 25, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၀/၂၀၂၅)
Posted on Aug 25, 2025ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း
Posted on Aug 25, 2025