ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ကြိုးပမ်းနေသည့် PNLO အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း၊ လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ကြိုးပမ်းနေသည့် PNLO အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း၊ လွိုင်ကော်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Information/ Naypyitaw / June 15, 2024
နေပြည်တော် ဇွန် ၁၅
အေးချမ်းတည်ငြိမ်လျက်ရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဒီမော့ဆိုးမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိုင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို့၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့် လုပ်ငန်းများအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter -Terrorism Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိုင်ကော် လမ်းကြောင်း(၄၂)မိုင်အား မေလ ၂၉ ရက်တွင်လည်းကောင်း ပြန်လည်တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ (၈၇)ကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းမှ လွိုင်ကော်မြို့ လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောင့်ယှက်မှုပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ်တောရပ်ကွက်တို့အား ဇွန်လ ၁၄ ရက်တွင် ထပ်မံရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပြင်တစ်ဝိုက်သို့ ဆက်လက်ရှင်းလင်းဆဲဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းပြီးသည့်နေရာများသို့ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဦးဆောင်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ လွိုင်ကော်မြို့သည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စတင်သွားလာနေထိုင်လျက်ရှိကြရာ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် သီရိမင်္ဂလာ(ဗဟို)ဈေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဈေးအတွင်းမီးလောင်ပျက်စီးခဲ့သည့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ လွိုင်ကော်မြို့အတွင်းရှိ သီရိမင်္ဂလာ(တောင်ကွဲ)စေတီ၊ မြို့နာမ်စေတီအပါအဝင် ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများအပါအဝင် မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအပါအဝင် တပ်ရင်း/တပ်ဖွဲ့မှ မိသားစုများ၊ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်ပျော်တစ်ပါး လုပ်အားပါဝင်ပေးခဲ့ကြသလို စေတနာရှင်များကလည်း လုပ်အားပေးအဖွဲ့များအား စားစရာနှင့် သောက်ရေသန့်များလှူဒါန်းခဲ့ကြပြီး အဆိုပါလုပ်အားပေးအဖွဲ့များကို ကယားပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
