ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်

ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်


Ministry of Information/ Naypyitaw / January 17, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီတို့ပူးပေါင်း၍ ပိုက်လိုင်းထိန်းချုပ်ခြင်းနှင့် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းခြင်း သင်တန်းများဖွင့်လှစ်ခြင်းကို ယနေ့တွင် အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး)၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဦးဆောင် ညွှန်ကြားရေးမှူးများ၊ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် အရှေ့တောင်အာရှ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ၏မှတ်တမ်းဗီဒီယိုကို ဦးစွာကြည့်ရှုကြပြီး အမြဲတမ်းအတွင်းဝန်က သင်တန်းသားများ အနေဖြင့် Pipeline Control ပိုင်းဆိုင်ရာနည်းပညာများအပြင် မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ တည်ဆောက်ပုံ၊ လည်ပတ်ပုံနှင့် ထိန်းသိမ်းပြုပြင် မှုလုပ်ငန်းများကို လေ့လာသွား နိုင်မည်ဖြစ်ရာ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည် အသုံးချနိုင် မည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း၊ စွမ်းအင်သင်တန်း ကျောင်းတည်ထောင်သွားနိုင်ရေး ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီမှ ပါဝင်ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန်တိုက်တွန်း မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အရှေ့တောင် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီဥက္ကဋ္ဌ Mr. Wang Qiang က မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ နှစ်နိုင်ငံပြည်သူများအပေါ် မဟာဗျူဟာမြောက် အကျိုးဖြစ်ထွန်းမှုများနှင့် အရေးပါမှုများ၊ သင်တန်းဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ သင်တန်းမှရရှိနိုင်မည့် နည်းပညာပိုင်းဆိုင်ရာ လက်တွေ့ သင်ခန်းစာများ၊ အတွေ့အကြုံ ကောင်းများနှင့်စပ်လျဉ်း၍ပြောကြားခဲ့ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုများမှ အောင်မြင်သောအနာဂတ်အား ဖန်တီးနိုင်ရေးမျှော်လင့်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်က သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများ ကို သင်ထောက်ကူပြုပစ္စည်းများပေးအပ်ကာ မဒဲကျွန်းရေနံ သိုလှောင်စခန်းနှင့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ပြည်တွင်းနှင့် ပြည်ပသို့ ထိန်းချုပ်ဖြန့်ဖြူးပေးနေသည့် Control Center အားလှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း