ပုဂ္ဂလိကနှင့် ငှားရမ်း/ ဖက်စပ်/ အကျိုးတူဆောင်ရွက်နေသည့်စက်ရုံများ ထုတ်လုပ်မှုတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သင့်သည့် မူဝါဒချမှတ်ရန်နှင့် အစီအမံများရေးဆွဲရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဂ္ဂလိကနှင့် ငှားရမ်း/ ဖက်စပ်/ အကျိုးတူဆောင်ရွက်နေသည့်စက်ရုံများ ထုတ်လုပ်မှုတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သင့်သည့် မူဝါဒချမှတ်ရန်နှင့် အစီအမံများရေးဆွဲရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Information/ Naypyitaw / November 08, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၇

ပုဂ္ဂလိကနှင့် ငှားရမ်း/ ဖက်စပ်/ အကျိုးတူဆောင်ရွက်နေသည့် စက်ရုံများထုတ်လုပ်မှု တိုးတက်စေရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် မူဝါဒချမှတ်ရန်နှင့် ဆောင်ရွက်ရမည့်အစီအမံများ ရေးဆွဲရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဗဟိုဘဏ်အဖွဲ့ဝင် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားသည့်စက်ရုံများမှ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်စီးပွားရေးစနစ်အရ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ စက်ရုံများအနက် ပုဂ္ဂလိကသို့ ငှားရမ်းထားသော စက်ရုံများ၊ ဖက်စပ်လုပ်ငန်းနှင့် အကျိုးတူစနစ်ဖြင့် လည်ပတ်နေသော စက်ရုံများ၏ ကုန်ထုတ်လုပ်မှုစွမ်းအားသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ် အဖြစ်ပါဝင်ကြောင်း၊ နိုင်ငံပိုင်စက်ရုံများကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အသွင်သဏ္ဌာန်ဖြင့် ဖော်ဆောင်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ အလုပ်အကိုင်တည်ငြိမ်မှုကို ထိန်းသိမ်းတည့်မတ်ပေးနိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်စက်ရုံများကို စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ပြီး ရှေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရသော စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို မှန်ကန်စွာ ပြန်လည်သုံးသပ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် အားနည်းချက်များကို လျော့နည်းအောင်၊ အားသာချက်များကို ပိုမိုရရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးမှ ဆွေးနွေးရရှိသည့် အချက်အလက်များသည်

ပုဂ္ဂလိကနှင့်အစိုးရကဏ္ဍတို့ပူးပေါင်း၍ စက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့် စီးပွားရေးတန်ဖိုးတိုးတက်မှုကို မြှင့်တင်နိုင်မည့် ထိရောက်သောမူဝါဒနှင့် အကောင်အထည်ဖော်ရေး အစီအစဉ်တစ်ရပ်ကို ရေးဆွဲနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစိုးရ တာဝန်ယူသည့် လေးနှစ်ခွဲကာလအတွင်း စက်မှုဝန်ကြီးဌာန ၏ နှစ်အလိုက် ထုတ်လုပ်မှု၊ ရောင်းချဖြန့်ဖြူးမှုအခြေ အနေတို့နှင့်စပ်လျဉ်း၍ တိုးတက်ဆောင်ရွက်နိုင်ခဲ့မှု၊ MSME များ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခဲ့မှု၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စက်မှုလုပ်ငန်းများကို စစ်ဆေးကြီးကြပ်ခြင်းများဆောင်ရွက်ခဲ့မှုနှင့် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခဲ့မှု၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေများရေးဆွဲနေမှု၊ ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖော်ဆောင်နေမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟို ဘဏ်အဖွဲ့ဝင်၊ စက်မှုလုပ်ငန်းများမှ တာဝန်ရှိသူများက စက်မှုဝန်ကြီးဌာနနှင့် ငှားရမ်း၊ ဖက်စပ်၊ အကျိုးတူဆောင်ရွက်နေသည့် စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာများ၊ ဆွေးနွေးပွဲ၏ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များ၊ စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးနှင့် လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် လုပ်ငန်းရှင်များက ထပ်ဆင့်ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် စက်ရုံများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေး၊ လုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ အုပ်စုခြောက်ခုခွဲ၍ စားပွဲဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ အုပ်စုအလိုက် ဆွေးနွေးရရှိခဲ့သည့် စိန်ခေါ်မှုများ၊ ဖြေရှင်းဆောင်ရွက်ရမည့် အကြံပြုချက်များကို ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများက ထပ်ဆင့်ဝိုင်းဝန်း ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Posted on Nov 08, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Posted on Nov 07, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Posted on Nov 06, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 05, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Posted on Nov 04, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Posted on Nov 03, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Nov 6, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

HOT NEWS
January 4,