ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် စန္ဒကူးတောမှ ရွှေသမင်များကို ခရီးသွားများ အထူးစိတ်ဝင်စား

ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် စန္ဒကူးတောမှ ရွှေသမင်များကို ခရီးသွားများ အထူးစိတ်ဝင်စား


Ministry of Information/ Naypyitaw / February 14, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်ဖြစ်သည့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်တွင် ခရီးသွားများ မပြတ်ဝင်ရောက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပခရီးသွားများ အနေဖြင့် ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ရှိ စန္ဒကူးတောမှ ရွှေသမင်များကို အထူးစိတ်ဝင်စားကြကြောင်း သိရသည်။

ဇီဝမျိုးစုံမျိုးကွဲများနှင့် ရေမြေတောတောင်လှပသည့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်၏ ပြကွက်တစ်ခုဖြစ်သည့် ရွှေသမင်များကို ခရီးသွားများ အထူးစိတ်ဝင်စားမှုနှင့်အတူ စိမ်းလန်း စိုပြည်သည့် သဘာဝသစ်တောများ၊ ငှက်မျိုးစုံနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိုအေစစ်သဖွယ်တည်ရှိနေသည့် ရေကန်များနှင့် တောတောင်ရှုခင်းအလှများ၊ စန္ဒကူးသစ်တော၊ ပရဆေးပင်များ၊ မီးတောင်ဟောင်း၏ သဘာဝတွင်းထွက်များ၊ ငှက်မျိုးစိတ်များနှင့် ရှားပါးတိရစ္ဆာန် ရွှေသမင်နှင့် မျောက်မျက်ကွင်းဖြူတို့ကိုလည်း ကြည့်ရှုလေ့လာကြလေ့ရှိသည်။

ယခုလာမယ့် ရုံးပိတ်ရက်ရှည် မှာ ကလေးတွေ စာမေးပွဲပြီးပြီ ဖြစ်တဲ့အတွက် ပုပ္ပားကို ခရီးသွားမပြတ် ဝင်‌ရောက်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်တွေမှာလည်း ပုပ္ပားတောင်မကြီးတက်တဲ့ ခရီး သွားတွေနဲ့ စန္ဒကူးခင်းရွှေသမင်ခြံကို လာကြည့်သူတွေ မပြတ်ခဲ့ပါဘူး။ ခရီးသွားအများစုက ပုပ္ပားတောင်မကြီးကိုသွားတယ်၊ Resort မှာ ထမင်းစားပြီး စန္ဒကူး တောက ရွှေသမင်နဲ့ဆတ်တွေကို အနီးကပ်အစာကျွေးကြတယ်၊ ဓာတ်ပုံရိုက်၊ သဘာဝအလှကြည့်ရှု ကြတာများပါတယ်။ ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ်ထဲမှာ ဘူမိနယ်မြေ(၁)ဖြစ်တဲ့ပုပ္ပားတောင်ကလပ်၊ ဘူမိနယ်မြေ(၆)ဖြစ်တဲ့ ပညာပေးပြခန်း၊ ပညာပေးစိုက်ခင်းနဲ့ ဘူမိနယ်‌မြေ (၇) ဖြစ်တဲ့ စန္ဒကူးတောသမင်ခြံကို အများဆုံး လေ့လာကြတာများပါတယ်။ ပိတ်ရက်ကာလမှာ လာရောက် လည်ပတ်ဖို့လည်း ဖိတ်ခေါ်ပါတယ်ဟု ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးထွေးက ပြောသည်။

ရွှေသမင်သည် ခွာစုံနို့တိုက် သတ္တဝါဖြစ်ပြီး မျိုးစိတ်ခွဲသုံးမျိုးရှိကြောင်း မှတ်တမ်းတင်ထားကာ ၁၈၃၈ ခုနှစ်တွင် ဗြိတိသျှတပ်မတော်အရာရှိ Percy Eld မှ အိန္ဒိယနိုင်ငံ မဏိပူရချိုင့်ဝှမ်းဒေသ တွင် စတင်တွေ့ရှိ မှတ်တမ်းတင် ခဲ့ရာမှ တွေ့ရှိသူအမည်အားအစွဲပြု၍ Eld's Deer ဟု ခေါ်ဆိုခဲ့သည်။ ရွှေသမင်ကောင်ရေနည်းပါးလာ ပြီး မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ ရွှေသမင်များကို နိုင်ငံတော်အဆင့်ဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့တွင် ရွှေသမင်များ ရှင်သန်ကျက်စားလျက်ရှိပြီး တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့တွင် သမင်မျိုးစိတ်ကွဲဖြစ်သည့် Cervus eldi siamensis မှာလည်း ကောင်ရေကျဆင်းလာမှုတို့ကြောင့် ခြံလှောင်စနစ်ဖြင့် မွေးမြူလျက် ရှိသည်။ မြန်မာနိုင်ငံတွင် ရွှေသမင်များကို ရွှေစက်တော်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ချပ်သင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်နှင့် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်တို့တွင် ကာကွယ်စောင့်ရှောက်ထားသည်။

ရွှေသမင် မျိုးစိတ်အလိုက် နေထိုင်ကျက်စားပုံကွဲပြားလေ့ရှိပြီး မြန်မာနိုင်ငံတွင် ရွှေသမင်များ အင်တိုင်းတော၊ တောခြောက်နှင့်ရွက်ကြွေတောတို့တွင် ရှင်သန်ကျက်စားလေ့ရှိ၍ အိန္ဒိယနိုင်ငံ၌ စိမ့်တော၊ နွံတောတို့တွင် ကျက်စားကာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့၌ ရွက်ကြွေတောများတွင် ရှင်သန်ကျက်စားသည်။ တစ်ချိန်တွင် မျိုးသုဉ်းရန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရွှေသမင်များကို ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ်အတွင်းရှိ စန္ဒကူးသစ်တောအတွင်း ကာကွယ်စောင့်ရှောက်ထားပြီး ခရီးသွားများနှင့် ယဉ်ပါးနေပြီဖြစ်သော ရွှေသမင်များအား ဖေဖော်ဝါရီလ ရုံးပိတ်ရက်ရှည်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ပုပ္ပားဒေသ၏ စိမ်းလန်းစိုပြည်မှု သဘာဝအလှနှင့်အတူ ကြည့်ရှုလေ့လာနိုင်ရန် ပုပ္ပားတောင် အမျိုးသားဘူမိ ဥယျာဉ်အား နေ့စဉ်ဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - ကိုလွင်

ဓာတ်ပုံ - ပုပ္ပားတောင်

အမျိုးသားဘူမိဥယျာဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း