ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သိန်းကျော် ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / March 16, 2025

နေပြည်တော် မတ် ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၀ ရက်နေ့နံနက် ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မန္တလေးမှ ဘားအံဘက်သို့ ဝေဖြိုးမောင် (ခ) ကိုဖြိုးမောင်းနှင်ပြီး မမာလာကျော် လိုက်ပါလာသည့် DONG FENG ၂၂ ဘီးတွဲယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်၏ရေတိုင်ကီအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၅ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကြားရှော့ (ခ) ကုလားမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မှကရင်ပြည်နယ်၊ ဘားအံသို့သယ်ဆောင်ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသဖြင့်၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Myanmar National Human Rights Commission Statement No. (5/2025)
Posted on Apr 17, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၅)
Posted on Apr 17, 2025ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
Posted on Apr 17, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀ / ၂၀၂၅ ၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် (၂ဝ၂၅ ခုနှစ်၊ ဧပြီလ ၁၇ ရက်) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်