ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ကုန်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၉ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာ ရှည်မြို့နယ်၊ အမတ်ကြီးခုံကျေးရွာနေ စိုးမြင့်ဦး(၂၉)နှစ် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရဲကိုနိုင် လိုက်ပါလာသည့် SGG-31/6A-XXXX HINO ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်သည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ ၎င်းအရှေ့မှ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကုက္ကိုင်းကျေးရွာနေ ကျော်ဇင်ဖြိုး(၂၈)နှစ် မောင်းနှင်လာသည့် BGO-7/RLG-XXXX SUZUKI CARRY မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် SUZUKI CARRY ယာဉ်ပေါ်ပါ ဒိုက်ဦးမြို့နယ်၊ ဘောနီကျေးရွာနေသူများဖြစ်သည့် ဒေါ်လှမြင့်(၇၆)နှစ်နှင့် ဒေါ်ကြင်ခ(၇၆)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ ၌ သေဆုံးသွားခဲ့ပြီး ဒေါ်ထွေးကြည်(၅၅)နှစ်၊ ဒေါ်ကြင်သောင်း(၅၅)နှစ်၊ ဦးထွန်းကြိုင်(၇၅)နှစ်နှင့် ဦးအောင်ညွန့်တင်(၆၁)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် စိုးမြင့်ဦး အား ဘောနီအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jul 23, 2025ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း