ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ နေပြည်တော် / April 02, 2026
၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃၁ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း(လမ်းဟောင်း) မိုင်တိုင်အမှတ် ၆၂ မိုင် ၇ ဖာလုံနှင့် ၆၃ မိုင် ၀ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖောင်တော်သီနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ညောင်လေးပင်မြို့နယ်၊ မြို့မ(၅)ရပ်ကွက်နေ ဦးကျော်ဇင်လတ်(၄၁)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ရန်မျိုးအောင်(၃၈)နှစ် လိုက်ပါလာသော BGO-27/3J-XXXX MITSUBISHI ROSA မော်တော်ယာဉ်နှင့် မန္တလေးမြို့မှ ရန်ကုန်မြို့ဘက်သို့ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာနေ ဦးဇင်မင်းဦး(၃၆)နှစ် မောင်းနှင် လာသော ဆိုင်ကယ်တို့မှာ အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဇင်မင်းဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ကျော်ဇင်လတ်နှင့် ဇင်မင်းဦးတို့ နှစ်ဦးအား ဖောင်တော်သီနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
