ပြင်ဦးလွင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပြင်ဦးလွင် လူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / May 08, 2026
ပြင်ဦးလွင် မေ ၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင် လူရည်ချွန်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြင်ဦးလွင်မြို့နယ်ရှိ ကန်တော်ကြီး အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၌ ကျင်းပသည်။
အခမ်းအနားသို့ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ နယ်မြေခံတပ်နယ်ရှိ အရာရှိကြီးများ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ဆရာ ဆရာမများနှင့် လူရည်ချွန် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်ဆရာ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြင်ဦးလွင် လူရည်ချွန်စခန်းကို လူရည်ချွန် ကျောင်းသား ကျောင်းသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လူရည်ချွန် ကျောင်းသား ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရင်ထိုးတံဆိပ်များ ပေးအပ်သည်။
ဆက်လက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား ကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ကြပြီး လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့သည်။ ဆက်လက်၍ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ကန်တော်ကြီး အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တိုင်းရင်းသားကျေးရွာများသို့ လှည့်လည်ကြည့်ရှုလည်ပတ်ကြသည်။
မွန်းလွဲပိုင်းအချိန်တွင် ရွှေနန်းထိုက်ဟိုတယ်၌ လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူရည်ချွန် မောင်မယ်များအား တွေ့ဆုံအားပေးစကားပြောကြားသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များသည် သုမင်္ဂလာဈေးသို့ သွားရောက်လည်ပတ်၍ ပျော်ရွှင်စွာ ဂိမ်းများကစားကြပြီး တာဝန်ရှိသူများက အဆိုပါသုမင်္ဂလာဈေး ဘက်စုံသုံးခန်းမ၌ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ ညစာဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...
Posted on May 7, 2026ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
