ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / May 30, 2026
နေပြည်တော် မေ ၂၉
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ယနေ့ဆွေးနွေးပွဲကို ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ ၂၀၂၆ မှ ၂၀၂၇ ခုနှစ်အထိ မဟာဗျူဟာစီမံချက် အပေါ် ရုံးချုပ်/ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၏ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေကို ဆွေးနွေးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာစီမံ ခန့်ခွဲမှုတိုးတက်စေရေးနှင့် ပြည်သူ့ဘဏ္ဍာ ငွေကြေးထိန်းကျောင်း တည့်မတ်စေရေး အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနှင့်အညီစစ်ဆေးခြင်း၊ အစီရင်ခံခြင်းများအတွက် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်မှုများ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးမှုများ ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများ၏ ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစီမံချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ သုံးသပ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...
Posted on May 29, 2026ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Posted on May 29, 2026ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Posted on May 29, 2026ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
