ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်ရန် Container House များ တပ်ဆင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 10, 2025

နေပြည်တော် ဇွန် ၉
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးသည် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ငလျင်ဘေးသင့်ဝန်ထမ်းနှင့် မိသားစုဝင်များနေထိုင်ရေး အဆင်ပြေစေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကခွဲဝေချထားပေးသည့် အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းနှစ်ခန်းပါ Container House များ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝင်းအတွင်း တပ်ဆင်ပြီးစီးမှုနှင့် ရေရရှိရေးစီမံဆောင်ရွက်မှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က Container House အဆောက်အအုံများ ခိုင်ခံ့မှုရှိစေရေး၊ ရေမီးရရှိရေး၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
Posted on Jun 10, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
အမိန့်ကြော်ငြာစာအမှတ်(၃၉/၂၀၂၅) ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဥ်များ SemiKoncked Down-SKD စနစ်နှင့် Completely Knocked Down -CKD စနစ်တို့ဖြင့်တင်သွင်းခြင်းအပေါ်...
Posted on Jun 6, 2025မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်
Posted on Jun 6, 2025ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။