ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ “အိဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)”နေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ “အိဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)”နေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / June 10, 2025
အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ၏ "အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)"နေ့ အကြိုအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၂း၃၀ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အစ္စလာမ်ဘာသာဝင်ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာဒေါ်ခင်နိုင်ဦးက အဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအတွက် ကိုးကွယ်သည့် ဘာသာတရားအလိုက် အထိမ်းအမှတ်ပွဲများကို အလေးအမြတ်ထားကျင်းပပေးလျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် အဓိကဘာသာကြီး (၄) ခုဖြစ်သည့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ အတူယှဉ်တွဲနေထိုင်ကြသကဲ့သို့ မိမိတို့ရုံးတွင် လည်း လူမျိုးဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးစွာနေထိုင်ကြပြီးရုံးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိပါကြောင်း၊ ကိုးကွယ်သည့် ဘာသာများမတူညီသော်လည်း မေတ္တာတရားကို အခြေခံကြသည့်မှာ အတူတူပင်ဖြစ်ပါကြောင်း၊ သို့ပါ၍ဝန်ထမ်းများအနေဖြင့် တစ်ဘာသာနှင့် တစ်ဘာသာ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားကြပြီး နွေးထွေးသည့် ပေါင်းသင်းဆက်ဆံ ရေးကိုတည်ဆောက်၍ ပျော်ရွှင်ချမ်းမြေ့စွာနိုင်ငံ့အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်ကြပါစေ ကြောင်း ဆုတောင်းစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်ဒုတိယစာရင်းစစ်ချုပ်တို့မှ လက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်ဝန်ထမ်းများကိုယ်စား ဦးစီးအရာရှိ ဒေါ်နွယ်နွယ်မြင့် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများအတွက် အလုပ်ခေါ်ယူခြင်း
Posted on Jun 7, 2025သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ဘွဲ့ရရှိပြီး၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးနှင့် စက်ရုံလုပ်ငန်းများတွင် အလုပ် ဝင်ရောက်လိုသော သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကျောင်းသား/သူများ ရှိပါက လျှောက်လွှာမိတ္တူနှင့် လိုအပ်သောအချက်အလက်များကို သင်တန်းရေးရာဌာနသို့ သတ်မှတ်ရက်အမီပေးပို့ရမည်ဖြစ်ပါသည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)
Posted on Jun 10, 2025ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၅)