ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့တွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ စိစစ်အတည်ပြုရွေးချယ်

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့တွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ စိစစ်အတည်ပြုရွေးချယ်


Ministry of Information/ Naypyitaw / November 20, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်တက်‌ရောက်မည့် ကျောင်းသား ကျောင်းသူများ စိစစ်ရွေးချယ်ခြင်းသို့ တက်‌ရောက်သည်။

တက်ရောက်

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအမှတ်စဉ် (၁၃) တွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ ပထမနှစ်တက်‌ရောက်မည့် ကျောင်းသား ကျောင်းသူများကိုလည်းကောင်း စိစစ်အတည်ပြုရွေးချယ်သည်။

ဒုတိယဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ ရွေးချယ်ရေးဆောင်ရွက်သည့်နေ့ရက်များတွင် တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမအသီးသီးတွင် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်တက်ရောက်မည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားကာ ကျောင်းသား ကျောင်းသူများထားရှိမည့် အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး၍ ကျောင်းသား ကျောင်း သူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးခဲ့ သည့် B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၁၈၄ ဦး၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်း အတွက် ၃၃၀ တို့ကို B.Ed ပညာရေးဘွဲ့ ငါးနှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ လေးနှစ်၊ A.G.T.I ဒီပလိုမာ သုံးနှစ် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ‌ကျောင်းဆင်းပြီးချိန်တွင် ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးကာ B.Ed ဘွဲ့ရရှိသူများကို အထက်တန်းပြဆရာ ဆရာမများအဖြစ်လည်းကောင်း၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာရရှိသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများတွင်လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025
HOT NEWS
January 4,