ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / June 04, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားကိုင်ဆောင်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇွန် ၂ ရက် ည ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအရောက်၌ စာသင်ကျောင်းနောက်လမ်းမပေါ်တွင် ဦးစိုးစိုးခိုင်(၄၉)နှစ်အား အရိုး၊ အသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုးစိုးခိုင် အား ပျဉ်းမနားမြို့မရဲစခန်း (ပ)၁၇၁/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။

     အလားတူ ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇေကမ္ဘာဂေါက်ကွင်းရှေ့အရောက်၌ အမှတ်(၃)လမ်းဆုံဘက်မှ ဇေကမ္ဘာဝင်းဘက်သို့ လမ်းလျှောက်လာသည့် လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာနေ ကိုကျော်ထက်နိုင်(၂၈)နှစ်အား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ အရိုး၊ အသွား ၁၀ လက်မခန့်ရှိ သစ်သားရိုးတပ်ဓားမြှောင် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ထက်နိုင် အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၁၇၄/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။ 

     ထို့အတူ ည ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ် ကွက်၊ သင်္ဘောကျင်းလမ်းအရောက်၌ အဆိုပါရပ်ကွက်နေ ကျော်ထွေးအောင်(ခ)ကျော်ကြီး(၂၄)နှစ်အား အရိုး၊ အသွား ၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ထွေးအောင်(ခ)ကျော်ကြီး အား ဒေါပုံမြို့မရဲစခန်း (ပ)၃၄၀/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Posted on Jun 04, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 03, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Posted on Jun 02, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026
AnnouncementsExplore more >

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက်

Posted on Jun 2, 2026

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက် အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။