ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024
image_latest


နေပြည်တော် မေ ၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။

လျှောက်ထား

ပြည်ထောင်စုဝန်ကြီးက ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ၅၁ အုပ်ကို ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူ ဆောင်ရွက်နေမှုအခြေအနေ၊ သတ်မှတ်ကာလအတွင်း အဋ္ဌကထာ ကွန်ပျူတာစာမူစာအုပ်များ ထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးအထင်ကရ ဘုရားစေတီများ၌ ဘုရားစေတီတော်သမိုင်းဆိုင်ရာ အချက်အလက်များ၊ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်၊ ဗုဒ္ဓအဆုံးအမများ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒများ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်နေမှုများကို တစ်နေရာတည်းတွင် အလွယ်တကူ ကျောင်းသား ကျောင်းသူလူငယ်များ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်း၊ လေ့လာလိုသူများ ကြည့်ရှုလေ့လာနိုင်ရန် (Pagoda Digital Directory) ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြရာ ပါမောက္ခချုပ်ဆရာတော်က အဋ္ဌကထာစာအုပ် ၅၁ အုပ် အမြန်ရိုက်နိုင်ရေးအတွက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဩဝါဒပေးခဲ့သည်။

ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Posted on May 18, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Posted on May 17, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on May 16, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 15, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on May 14, 2024

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Posted on May 13, 2024
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

HOT NEWS
January 4,