ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / July 03, 2025
image_latest


နေပြည်တော် ဇူလိုင် ၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၃၀ ရက်တွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ရှိ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးသည့် နောက်ပိုင်းအဆောက်အအုံများ ပြန်လည်ပြုပြင်မှုများ၊ ပညာသင်နှစ်အလိုက် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ခန်းများ၊ ဌာနခန်းများ၊ ကွန်ပျူတာခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို ဒုတိယပါမောက္ခချုပ်က ရှင်းလင်းတင်ပြမှုအပေါ် သင်ကြားသင်ယူမှုများစနစ်တကျရှိစေရေး အမှန်တကယ်တတ်မြောက်သည်အထိ သင်ကြားနိုင်ရေး ရေရှည်မျှော်မှန်းချက်ထား ဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဌာနရုံးခန်းများ၊ စာသင်ခန်းများ၊ ကွန်ပျူတာခန်း၊ ရေ၊ မီးကိစ္စပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျောင်းသား ကျောင်းသူအဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ရှိ အဆောက်အအုံများတွင် ထိခိုက်ပျက်စီးမှုများကြောင့် အသစ်ဆောက်လုပ်ထားရှိသော စာသင်ဆောင်များတွင် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူဆောင်ရွက်နေမှုများ၊ ကွန်ပျူတာခန်းများ၊ စီမံဌာနခန်းများ ပြင်ဆင်ဆောင်ရွက်ရန်ထားရှိမှုများ၊ ဘောလုံကွင်းနှင့် ဖူဆယ်ကွင်းများ ပြင်ဆင်ဖြည့်ဆည်းပေးရန်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူနေမှုများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် မန္တလေးမြို့ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူဆောင်ရွက်နေမှု၊ ပင်မစာသင်ဆောင်ပြန်လည် ပြင်ဆင်ဆောင်ရွက်နိုင်မှုအခြေနေများကို ကြည့်ရှုစစ်ဆေးသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးဌာန တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ကာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားသင်ယူဆောင်ရွက်နေမှုများ၊ ပင်မစာသင်ဆောင် ပြန်လည်ပြင်ဆင်ဆောင် ရွက်ပေးနိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မန္တလေးနည်းပညာတက္ကသိုလ်သို့ရောက်ရှိရာ ဒုတိယပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်တင်ပြမှုများနှင့် ဗိသုကာဌာနမှူးက တက္ကသိုလ်ပင်မအဝင်လမ်း ဒီဇိုင်းလျာထားပုံစံများ တင်ပြမှုများအပေါ် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများ စနစ်တကျထားရှိနိုင်ရေးနှင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ၊ အခြေခံအဆောက်အအုံများ ပြည့်စုံစေရေးမှာကြားသည်။

ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသား ကျောင်းသူများ၊ ဌာနမှူး၊ ဆရာ ဆရာမ များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက်တင်ပြမှုများအပေါ် ဦးစီးဌာန၊ တက္ကသိုလ်များ၏ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Jun 30, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 29, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Posted on Jun 28, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်

Posted on Jul 1, 2025

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၇၁)ဘဏ်စာရင်းကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 3, 2025

အမည်မည်းစာရင်းကြေညာခြင်း