ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 16, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၁၅-၉-၂၀၂၅ ရက်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးတစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီး မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသောအပင်များ ဆက်လက်ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိုင်တိုင် ၂၃၃/၂ ရှိ တစ်အုပ်တစ်မ စိုက်ခင်း ၁၅ ဧက တည်ထောင်စိုက်ပျိုးရန် မြေနေရာ ရှင်းလင်းနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အချိန်မီစိုက်ပျိုးပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ အထက်ဆင်သေကြိုးဝိုင်းအတွင်း အမြန်လမ်းမကြီးမိုင်တိုင် ၂၄၀ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှုအခြေအနေအား လည်းကောင်း၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၆/၁ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၀ ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေအား လည်းကောင်း၊ ငလိုက်ကြိုးဝိုင်းအတွင်း မိုင်တိုင် ၂၂၂/၅ ရှိ တစ်အုပ်တစ်မစိုက်ခင်း ၁၅ ဧက စိုက်ပျိုးပြီးစီးမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေးဝဲယာအပါအဝင် အာဆီယံကားလမ်းဘေးဝဲယာနှင့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းရှိ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေးအတွက် ကားလမ်းဘေးဝဲယာတွင် တောအုပ်ငယ်များအသွင်ဖြစ်စေရန် တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကို  အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ မိုးရာသီတွင် တစ်အုပ်တစ်မစိုက်ခင်း ၁၂၂ ဧက အပင် ၁၈၃၀၀ ပင်စိုက်ပျိုးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် အမြန်လမ်းမကြီး ဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးခြင်း အပါအဝင် မြေနေရာ ၁၆၅ ဧကတွင် အပင် ၁၉၄၂၀၀ ပင်အား ၂၀၂၅ မိုးရာသီအတွင်း စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Sep 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

Posted on Sep 15, 2025

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း

Posted on Sep 15, 2025

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း