ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်ထားမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / September 17, 2025

နေပြည်တော် စက်တင်ဘာ ၁၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှုအခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံး ထင်းစိုက်ခင်း ၁၀ ဧက၏ ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသော ဒေသမျိုးရင်း သစ်မျိုးများအား ရွေးချယ်စိုက်ပျိုး သွားရန်နှင့် စိုက်ပျိုးထားသောအပင်များ ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သည့် ၁/၂၀၂၄ ကျေးရွာ ထင်းစိုက်ခင်းဧက ၂၀ အောင်မြင် ဖြစ်ထွန်းနေမှုအခြေအနေနှင့် မကွေး - ကံပြား - နတ်မောက်ကားလမ်း လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ တမာစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးမြို့နယ်ရှိ မကွေး - ရေနံချောင်းကားလမ်း ဘေးဝဲယာ တစ်အုပ်တစ်မစိုက်ပျိုးထားသည့် မိုင်တိုင် ၃၃၆ ရှိ တမာ၊ ယူကလစ် တစ်အုပ်တစ်မ စိုက်ခင်းအပင် ၂၀၀၀ ကိုလည်းကောင်း၊ မိုင်တိုင် ၃၄၀ အနီးရှိ တမာ၊ ဖျောက်ဆိပ် တစ်အုပ်တစ်မ စိုက်ခင်းအပင် ၁၀၀၀ ကိုလည်း ကောင်း၊ မိုင်တိုင် ၃၄၀/၂ ရှိ တမာ၊ ရင်းမာ၊ ဖျောက်ဆိပ်၊ ပိတောက်တစ်အုပ်တစ်မစိုက်ခင်း အပင် ၄၀၀ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး သစ်တောစိုက်ခင်းများ တည်ထောင်ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်း ရေး၊ ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ရေး၊ ကျေးရွာ ထင်းစိုက်ခင်းနှင့် တစ်ရွာ နှစ်ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ မကွေးမြို့နယ် ဒေါင်းနေတိုးချဲ့ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၃/၂၀၂၅ အထူးစိမ်း ဒဟက်၊ မဲဇလီတစ်အုပ်တစ်မ စိုက်ခင်းအပင် ၄၀၀၀ ၏ ရှင်သန် အောင်မြင်မှုအခြေအနေနှင့် မကွေးမြို့ရှိ မြို့မသစ်တောပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Sep 17, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။
Posted on Sep 16, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။
Posted on Sep 15, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Sep 14, 2025
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Posted on Sep 12, 2025
ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ
Posted on Sep 17, 2025ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ
မြန်မာနိုင်ငံပြန်တမ်း
Posted on Sep 17, 2025အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Posted on Sep 16, 2025နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း