ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / October 20, 2025
image_latest


ရန်ကုန် အောက်တိုဘာ ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည်ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ အားကစားရုံနှင့် တက္ကသိုလ်ဘောလုံးအားကစားကွင်း၊ အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အားကစားနည်းများအလိုက် ကော်မတီများဖွဲ့စည်း၍ ထူးချွန်သည့်အားကစားသမား ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် တက္ကသိုလ်၏မျက်နှာစာ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒဂုံတက္ကသိုလ်သို့ ရောက်ရှိရာအစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်က တက္ကသိုလ်၏ Master Plan နှင့် ဆောင်ရွက်လျက်ရှိသည်များကိုရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်မုခ်ဦးနှင့် အဝင်လမ်းသန့်ရှင်းသပ်ရပ် သာယာလှပရေး၊ ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး၊ ခြံစည်းရိုးများ စနစ်တကျကာရံထားရှိရေး၊ အပန်းဖြေရိပ်သာ (Recreation Center) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဘောလုံးအားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Oct 20, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 19, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၁၈ ရက်၊ စနေနေ့။


Posted on Oct 18, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။


Posted on Oct 17, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။


Posted on Oct 16, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 15, 2025
AnnouncementsExplore more >

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀) ၊ ပုံစံ (၁၀ - က) နှင့် ပုံစံ (၁၀-ခ) များ ကပ်ထားကြေညာမည့်နေ့ရက် အသိပေးကြေညာခြင်း

Posted on Oct 19, 2025

၁။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများတွင် ၈ - ၉ - ၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်နေ့အထိ အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်း ခဲ့ကြပြီးဖြစ်ပါသည်။

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 16, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

Posted on Oct 17, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အသိပေးကြော်ငြာခြင်း

HOT NEWS
January 4,