ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတက်ရောက်ပြီး ပြန်လည်ရောက်ရှိ
Ministry of Information/ Naypyitaw / November 23, 2025
နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံဟနွိုင်းမြို့၌ ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးသို့တက်ရောက်ရန် နိုဝင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယမန်နေ့ညနေပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုဝန်ကြီးပါဝင်သော မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် H.E. Mr. Bui Thanh Son နှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မဲခေါင်ဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့် အစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
(၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် နစ်နာသူအား အကာအကွယ်ပေးရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာများနှင့် ကြိုးပမ်းဆောင်ရွက်မှုများ၊ နည်းပညာကို တလွဲအသုံးပြု၍ ကျူးလွန်သော လူကုန်ကူးမှုများအား စုံစမ်းဖော်ထုတ်ရေးနှင့် ဒေသတွင်းယန္တရားများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ မဲခေါင်ဒေသတွင်းနိုင်ငံ များအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်း၏ (၅)ကြိမ်မြောက် ဒေသခွဲလုပ်ငန်းစီမံချက် (Sub-Regional Plan of Action 2025-2035)နှင့် အစည်းအဝေး၏ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Snr. Lt. Gen. Nguyen Van Long ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဝန်ကြီးဌာနနှစ်ခုအကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးများနှင့်ယန္တရားများကို ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး၊ လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhong Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Snr. Lt. Gen. Nguyen Van Long က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၂၀ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အစည်းအဝေးသို့ တက်ရောက်လာသည့် မဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဗီယက်နမ်နိုင်ငံ Ninh Binh ပြည်နယ်ရှိ Trang An ယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် Bai Dinh ဘုရားကျောင်းသို့ သွားရောက်လေ့လာခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ မဲခေါင်ဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း၏ (၆)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး(IMM6)သို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း မဲခေါင်ဒေသတွင်းနိုင်ငံများအကြား လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ဗီယက်နမ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...
Posted on Nov 21, 2025တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
