ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စွမ်းအင်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စွမ်းအင်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ တက်ရောက်
Ministry of Information/ Naypyitaw / December 12, 2025
နေပြည်တော် ဒီဇင်ဘာ ၁၁
မဲခေါင်-လန်ချန်းပူးပေါင်းအစီအစဉ်၏ အထူး ရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်လျက်ရှိသည့် စားသောက်ကုန်လုပ်ငန်းကဏ္ဍတွင် စွမ်းအင်အကျိုးရှိ ထိရောက်စွာသုံးစွဲရေး ရှေ့ပြေးစီမံကိန်းအောက်၌ ပြုလုပ်သည့် စွမ်းအင်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် ဒေါက်တာကျန်းကျိဟုန် (Dr. Zheng Zhihong)၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများမှ သင်တန်းသားများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်သည် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်နေရာမှပါဝင်နေပြီး စွမ်းအင်အဖြစ် အသုံးပြုနေသည့် ရုပ်ကြွင်းလောင်စာ အရင်းအမြစ်များသည်လည်း အကန့်အသတ်ဖြင့်တည်ရှိကြောင်း၊ ရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေကြောင်း၊ ထို့ကြောင့် ရေရှည်တည်တံ့သည့် အနာဂတ်ဖြစ်စေရေးအတွက် စွမ်းအင်သုံးစွဲရာတွင် စနစ်တကျစီမံခန့်ခွဲ၍ ထိရောက်စွာအသုံးပြုပြီး မလိုလားအပ်သည့် လေလွင့်ဆုံးရှုံးမှုများမဖြစ်စေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် ပိုမိုသန့်ရှင်းပြီး ရေရှည်တည်တံ့သည့် ပြန်ပြည့်မြဲစွမ်းအင်များ၊ ဇီဝလောင်စာနှင့် ဟိုက်ဒရိုဂျင်ကဲ့သို့ အစားထိုးလောင်စာများ ပြောင်းလဲသုံးစွဲမှုကို အရှိန်မြှင့်တင်ရန်လိုအပ်ကြောင်း။
ပြောကြား
သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ လက်တွေ့အသုံးချနိုင်သည့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်နှင့် စွမ်းအင်အကျိုးရှိထိရောက်စွာသုံးစွဲရေး ဆိုင်ရာနည်းပညာ၊ အသိပညာများကိုရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှလေ့လာသိရှိခဲ့ရသည့် အသိပညာရပ်များ၊ ဗဟုသုတများကို မိမိတို့ လုပ်ငန်းနယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် အသုံးချ၍ ထိရောက်သည့် အလေ့အကျင့်ကောင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် ဒေါက်တာကျန်းကျိဟုန်၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ ဒုတိယဥက္ကဋ္ဌ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားများပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်၍ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းတွင် တရုတ်နိုင်ငံမှ ရေခဲသေတ္တာနှင့် လေအေးစက်ထုတ်လုပ်မှုလုပ်ငန်းရှင်များ အသင်းနှင့် ပြည်တွင်းကျွမ်းကျင်ပညာရှင်များကဘွိုင်လာနှင့် ရေနွေးငွေ့သုံးစနစ်အားထိန်းညှိခြင်း၊ အအေးခံမှုကွင်းဆက်အတွက် အစိမ်းရောင်အေးခဲ အစားထိုးစနစ်၊ လေအေးပေးစက်စနစ်တွင် စွမ်းအင်စီမံခန့်ခွဲမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အကဲဖြတ်ခြင်းစသည့်အကြောင်းအရာများကို နှစ်ရက်ကြာဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ နေပြည်တော်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများမှ သင်တန်းသား ၆၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Posted on Dec 12, 2025၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
