ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံ၊ အမှုထမ်းအိမ်ရာတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လျှပ်စစ်ဝန်ထမ်းများနှင့်တွေ့ဆုံ၊ အမှုထမ်းအိမ်ရာတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / January 17, 2026
လွိုင်ကော် ဇန်နဝါရီ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့ညနေပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်သွားကြရန်၊ မိမိတို့ဌာနအနေဖြင့် ရရန်ရှိသော ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေး ဆောင်ရွက်ရန်၊ နွေရာသီတွင် ဓာတ်အားအပြည့်အဝ ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်မှုများအား စဉ်ဆက်မပြတ် စစ်ဆေးသွားရန်၊ ဓာတ်အား တိုးမြှင့်၍ထုတ်လုပ်နိုင်ရေးကို အလေးထားဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ သက်သာချောင်ချိရေးကိစ္စရပ်များအား တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်သွားရန်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာ ကိစ္စရပ်များအပြင် စာရင်းဇယားပိုင်းအား တိကျမှုရှိစေရေး အလေးထား ဆောင်ရွက်သွားရန်နှင့် ဓာတ်အားတိုးတက်ပို့လွှတ် နိုင်ရေးအတွက် ၂၃၀ ကေဗွီဘလခ - နေပြည်တော် ဓာတ်အားလိုင်းအား လုံခြုံရေးဂရုပြု၍ ကြိုးစား စစ်ဆေးသွားရန် မှာကြားသည်။
ယင်းနောက် ကယားပြည်နယ် လျှပ်စစ်အင်ဂျင် နီယာက ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားရှိမှုအခြေအနေ၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခများ ကောက်ခံရရှိမှုအခြေအနေနှင့် ဘီလူးချောင်းအမှတ်(၁) ဓာတ်အားပေးစက်ရုံ၊ အမှတ်(၂)ဓာတ်အားပေးစက်ရုံ၊ အမှတ်(၃) ဓာတ်အား ပေးစက်ရုံ စက်ရုံမှူးများက စက်ရုံ၏ ဓာတ်အား ထုတ်လုပ်မှုအခြေအနေ၊ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိမှုအခြေအနေ၊ စက်ရုံပိုင်းဆိုင်ရာ ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်နေမှုအခြေ အနေများ၊ မဟာဓာတ်အားလိုင်းမှူးနှင့် ပင်မဓာတ်အား ခွဲရုံမှူးတို့က လွိုင်ကော်မှ ၂၃၀ ကေဗွီ ဘလခ(၂)-ရွှေမြို့ ဓာတ်အားလိုင်းစစ်ဆေးခြင်းနှင့် ၁၃၂ ကေဗွီ ဘလခ(၂)- တီကျစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်မှုအခြေအနေ၊ ဓာတ်အားခွဲရုံအတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက်၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးဝင်းအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အသစ် တည်ဆောက်လျက်ရှိသော Type-E လေးခန်းတွဲလေးထပ်အမှုထမ်းအိမ်ရာ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ တည်ဆောက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။
ဆက်လက်၍ ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်သည့် ဝန်ထမ်းများအနေဖြင့် သန့်ရှင်းသပ်ရပ်စွာနေထိုင်ရေး၊ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး၊ မီးဘေးအန္တရာယ်ဂရုပြုရေးနှင့် သီးပင်၊ စားပင်များ စနစ်တကျစိုက်ပျိုးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 16, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Myanmar National Human Rights Commission Press Statement
Posted on Jan 15, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026
