ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / February 02, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပနိုင်ရေးအတွက် နေပြည်တော်တွင် ရောက်ရှိနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများနှင့် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည့် နေပြည်တော်ရင်ပြင်ရှိ ယာယီကွပ်ကဲရေးရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်လျက်ရှိ၍ MSME များ ငွေကြေးအရင်းအနှီးရရှိရေး၊ နည်းပညာရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် MSME ထုတ်ကုန်များအား ပြည်သူအများသိရှိရေး၊ လုပ်ငန်းရှင်အချင်းချင်း အသိပညာဖလှယ်နိုင်ရေး၊ နည်းပညာများရရှိရေးတို့ အတွက် ထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးကူညီပံ့ပိုးပေးလျက်ရှိသည့်အပြင် နိုင်ငံတော် အကြီးအကဲကလည်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အမျိုးသားအဆင့်ပြပွဲ

ယခုကျင်းပသည့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သည် သာမန်ထုတ်ကုန်ပစ္စည်း ပြသခြင်း၊ ရောင်းချခြင်းမဟုတ်ဘဲ နိုင်ငံတော်အကြီးအကဲ၏ ချမှတ်ထားသည့်မူဝါဒကို အကောင်အထည်ဖော်လက်တွေ့ပြသသည့် အမျိုးသားအဆင့်ပြပွဲတစ်ခုဖြစ်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများအနေဖြင့် လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ ပြခန်းများကိုလည်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ထွက်ရှိသည့် ထုတ်ကုန်များစာရင်း၊ ပြည်ပသို့တင်ပို့ရန် အသင့်ဖြစ်နေသည့်ထုတ်ကုန်၊ သွင်းကုန်အစားထိုးထုတ်ကုန်၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စသည်ဖြင့်ခွဲခြား၍ ပြုစုထားရှိရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့် စပ်လျဉ်း၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲလာသည့်တန်ဖိုး၊ ထုတ်လုပ်မှုကွင်းဆက်အလိုက် ပြောင်းလဲလာသည့်တန်ဖိုးတို့ကို စနစ်တကျ တွက်ချက်ထားရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ပြီးစီးသွားပါကလည်း ထုတ်ကုန်များကို ဝယ်ယူသူများနှင့် ချိတ်ဆက်ရောင်းချနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်၍ ယခင်တွေ့ကြုံခဲ့သည့် အားနည်းချက်များကို သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်သွားရန်နှင့် အားသာချက်များကို ပိုမိုပြည့်စုံကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ပြည်ထောင်စုအဆင့်နှင့်လျော်ညီအောင် ချိတ်ဆက်ပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပနိုင် ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူးများက တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ခင်းကျင်းပြသရောင်းချသွားမည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Posted on Feb 02, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 01, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Posted on Jan 31, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Posted on Jan 30, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on Jan 29, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026
AnnouncementsExplore more >

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Posted on Feb 1, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Posted on Jan 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။