ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / March 01, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၈

ဧရာဝတီတိုင်းဒေသကြီးရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများ သန့်ရှင်းသာယာလှပပြီး ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ စဉ်ဆက်မပြတ် တိုးတက်လည်ပတ်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဟိုတယ်များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဟိုတယ်များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ အခန်းများပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ခရီးသွားဧည့်သည်များ တည်းခိုနေထိုင်မှု၊ ဧည့်သည်များ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှုနှင့် ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက်တည်းခိုနေထိုင်ကြရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏မြို့တော်ဖြစ်ပြီး အထင်ကရခရီးစဉ်ဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရန် အဆင့်မီသော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ကြရေး၊ ဟိုတယ်ရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းများ ဖြစ်စေရေး၊ ဒေသထွက်ရိုးရာ လက်မှုအနုပညာပစ္စည်းများ ခင်းကျင်းထားရှိရေး၊ ဒေသထွက် ရိုးရာအစားအစာများကို အဆင့်အတန်းမီစွာ ပြင်ဆင်တည်ခင်းဧည့်ခံရေး၊ ဧည့်သည်များ မိမိတို့ဟိုတယ်များ၌ စိတ်အေးချမ်းမြေ့စွာ ရက်ရှည်တည်းခိုနေထိုင်ကြ ရေးအတွက် ဟိုတယ်အတွင်း အပြင် ဆွဲဆောင်မှုရှိသော အပြင်အဆင်များ ဖန်တီးဖော်ဆောင်ကြရေး၊ ဟိုတယ်ပရဝဏ်အတွင်းနှင့် မျက်နှာစာများကို သန့်ရှင်းသာယာလှပအောင် ပြင်ဆင်ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ပုသိမ်မြို့ရှိ အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု မူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ၁၀ ခန်းတွဲ (RC) သုံးထပ်သင်တန်းသားအိပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် 315 KVA Transformer, 11 KVA, 0.4 Line မီးလိုင်းတပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းအဝင်မုခ်ဦး၊ အုတ်တံတိုင်း၊ ခြံစည်းရိုးကာရံခြင်း၊ မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ လျှာထိုးကြမ်းခင်းခြင်းလုပ်ငန်း၊ PA System Apron & Drain အတွင်း ရေ၊ မီး၊ မိလ္လာအပါ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန်၊ ရေရှည်တည်တံ့စေရေး အရည်အသွေးကောင်းမွန် သည့်ပစ္စည်းများ အသုံးပြုတည်ဆောက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ၊ မူဝါဒများ၊ လုပ်ငန်းတာဝန်များဖြစ်သည့် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ယင်းနောက် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်ရေးအတွက် မြက်ကြမ်းများ ရှင်းလင်းဖယ်ရှားရန်နှင့် သန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေဖြင့် တည် ဆောက်ပြီးစီးခဲ့သည့် ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်အတွင်းရှိ မီတာ ၅၀ ရေကူးကန်၊ ဒိုင်ဗင်ကန် တည်ဆောက်ထားရှိမှုနှင့် နွေရာသီရေကူးသင်တန်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှု စစ်ဆေးပြီး ရေကူးကန်ကို သတ်မှတ်အချိုးအစားအတိုင်း ဆေးခတ်ခြင်း၊ ရေသန့်စင်ခြင်း ပုံမှန်ဆောင်ရွက်၍ ရေကူးကန် ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရန်၊ ရေကူးအားကစားနည်းသည် အိုလံပစ်အားကစားနည်းဖြစ်သည့်အတွက် ရေကူးမျိုးဆက်သစ်အားကစားသမား များရရှိစေရန် နွေရာသီရေကူးသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

HOT NEWS
January 4,