ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်


Ministry of Information/ Naypyitaw / March 13, 2026
image_latest


နေပြည်တော် မတ် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “ဒေသတွင်း ဒီဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း၊ အဓိက အားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်ရာတွင် ဒစ်ဂျစ်တယ်နည်းပညာက မရှိမဖြစ်လိုအပ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ရှင်သန်ကြီးထွားလာစေရန်နှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင် စေရန်အတွက် “စိုက်ပျိုးရေးအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ပေးခြင်းစီမံကိန်း”၊ “MSMEs လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း” တို့ကို စီမံကိန်းကာလနှစ်နှစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယနေ့ကျင်းပပြုလုပ်သည့် “ဒေသတွင်း ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်ပွဲ” သည် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများကို ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှု မြှင့်တင်ခြင်းစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း၏ အဓိကလုပ်ငန်းစဉ်များတွင် အသေးစားစက်မှု လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ငန်းမှတ်ပုံတင်နိုင်ရန်အတွက် အွန်လိုင်းမှတ်ပုံတင်ပလက်ဖောင်းတစ်ခုတည်ထောင်ခြင်းနှင့် အသေးစားစက်မှု ထုတ်ကုန်များအတွက် ဒစ်ဂျစ်တယ်စျေးကွက် (e-commerce) ပလက်ဖောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းများပါဝင်ပါကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် ပညာရပ်တစ်ခုဖြစ်ပြီး မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကလည်း ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားကြရန်နှင့် ယခု နည်းပညာနှီးနှောဖလှယ်ပွဲမှ ရရှိလာသော အသိပညာဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်၌ ပြန်လည်အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှု Video Clip ကို ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ UMFCCI မှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံမှပညာရှင်များက MSME လုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် အဓိကဆောင်ရွက်နေမှုများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှု များနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွင် လက်တွေ့အောင်မြင်နေသည့် လုပ်ငန်းများအကြောင်းကို မျှဝေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Mar 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း