ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲ တက်ရောက်
Ministry of Information/ Naypyitaw / March 21, 2026
နေပြည်တော် မတ် ၂၀
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး)၌ ကျင်းပသည့် စက်မှုကျွမ်းကျင်(၁)နှစ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်း အဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး စက်မှုဝန်ကြီးဌာန စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်အခါတွင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဒေသတွင်းနိုင်ငံများနှင့် ပိုမိုပေါင်းစည်း ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုလိုအပ်ချက်ကို သင်တန်းဆင်းမောင်မယ်များအနေဖြင့် ကျောင်းတော်ကြီးမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာ၊ အတတ်ပညာများကို စက်ရုံ/အလုပ်ရုံများတွင် ပြန်လည်အသုံးချပြီး စက်မှုဝန်ကြီးဌာန၏ အကျိုး၊ နိုင်ငံအကျိုးကို တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ကြသည့် လူငယ်မောင်မယ်များဖြစ်လာစေရန် တိုက်တွန်းပြောကြားလိုကြောင်း။
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် အခြေခံလိုအပ်ချက်များကို တစ်ပြိုင်နက်တည်း တည်ဆောက်ရသကဲ့သို့ လူသားအရင်းအမြစ် စွမ်းဆောင်နိုင်မှုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသော့ချက်ပင်ဖြစ်ကြောင်း၊ မောင်မယ်တို့သည် မကြာခင်အချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များဖြစ်၍ နိုင်ငံ၏ အနာဂတ်ကောင်းကျိုး/ဆိုးကျိုးသည်လည်း မောင်တို့မယ်တို့၏ အရည်အချင်းနှင့် ခံယူချက်များအပေါ်တွင် မူတည်နေကြောင်း၊ အရည်အချင်းဆိုသည်မှာ ကျောင်းစာတစ်ခုတည်း တော်ရုံတတ်ရုံနှင့် မလုံလောက်ဘဲသင်ယူထားသည့် အတတ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်အောင်၊ စည်းကမ်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်အောင်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ အများ အကျိုးသယ်ပိုးဆောင်ရွက်လိုသော စိတ်ဆန္ဒရှိအောင် နေထိုင်ကျင့်ကြံမှသာစစ်မှန်ပြီး အရည်အချင်းပြည့်ဝသည့် လူငယ်များအဖြစ် လူမှုပတ်ဝန်းကျင်က လက်ခံလာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သင်တန်းသား စံပြဆုရ သင်တန်းသားကိုလည်းကောင်း၊ မကွေးတိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန တိုင်းဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကိုလည်းကောင်း၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။
အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)အနေဖြင့် စက်မှုကျွမ်းကျင် (၁)နှစ်သင်တန်း အမှတ်စဉ်(၁၃)တွင် သင်တန်းသား ၁၃၆ ဦး၊ သင်တန်းသူ ၃၀ စုစုပေါင်း ၁၆၆ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းစတင်ဖွင့်လှစ်ချိန်မှ ယနေ့အထိ သင်တန်းသား သင်တန်းသူစုစုပေါင်း ၁၉၈၀ ကို အောင်မြင်စွာလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
သတင်းစဉ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
