ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား


Ministry of Information/ Naypyitaw / April 26, 2026
image_latest


နေပြည်တော် ဧပြီ ၂၅

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးသွင်အောင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၇)၌ မြန်မာ့ဆေးဝါးလုပ်ငန်းရုံးချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်သူများအတွက် လိုအပ်သောအခြေခံဆေးဝါးများကို နိုင်ငံတကာအသိအမှတ်ပြု စံချိန်စံညွှန်းများနှင့်အညီ အရည်သွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒ၊ အမိန့်၊ ညွှန်ကြားချက်များ၊ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းရုံးချုပ်၏ ရုံးလုပ်ငန်းတာဝန်များ၊ ကုန်ကြမ်းနှင့်စက်အရန်ပစ္စည်းဝယ်ယူရေးကိစ္စရပ်များ၊ စက်ရုံများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ကုန်ထုတ်မှုဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို စနစ်များတည်ဆောက်၍ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေးအတွက် ကုန်ကြမ်းများဝယ်ယူမည့်အစီအစဉ်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်တို့ကို စနစ်တကျရေးဆွဲ၍ တာဝန်ခံဆောင်ရွက်မည့်သူကိုလည်း သတ်မှတ်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့ဆေးဝါးလုပ်ငန်း၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်သူများလိုအပ်သည့် အခြေခံ ဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု၊ ဆေးဝါးအမယ်သစ်များထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေ၊ အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာ့ဆေးဝါးလုပ်ငန်း၏ ပြန်လည်ဖွဲ့စည်းမှုကို အချိန်မီတင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ အချိန်ဇယားများ ရေးဆွဲပြီးလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် လုပ်ငန်းတာဝန်များကို စီမံဆောင်ရွက်ရာတွင် အရည်အသွေးစီမံခန့်ခွဲမှု စနစ်တွင်ပါရှိသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်ဝယ်ယူရေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ အချက်အလက်များကို ပြန်လည်သုံးသပ်စိစစ်၍ အားနည်းချက်များ လျော့နည်းပပျောက်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပစ္စည်းဝယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဈေးနှုန်းမှန်ကန်စွာ အရည်အသွေးကောင်းမွန်သည့် ပစ္စည်းများရရှိရေးအတွက် ယှဉ်ပြိုင်မှုမြင့်မားရေး၊ အားလုံးပါဝင်နိုင်ရေးတို့အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝယ်ယူရေးလုပ်ငန်းစဉ်များအား ပြန်လည်စိစစ်သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းတာဝန်များအား ဒီဂျစ်တယ်စနစ် ကူးပြောင်းနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ (SoP) ရေးဆွဲဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆေးဝါးလုပ်ငန်းရုံးချုပ်တွင် ဝန်ထမ်းများနေရာချထားမှု၊ ဌာနအလိုက် လုပ်ငန်းများခွဲဝေသတ်မှတ်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ရုံးခန်းများ၊ ရုံးအဆောက်အအုံပတ်ဝန်းကျင်တို့အား သန့်ရှင်းသာယာလှပစေရေး စီမံဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး စနစ်တကျ စီမံဆောင်ရွက်ထားရှိရန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆