ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Tariq Karim အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / May 06, 2026
နေပြည်တော် မေ ၅
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆေးပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပါကစ္စတန်နိုင်ငံမှ ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်း လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါကစ္စတန်နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Posted on May 5, 2026ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026
