ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်မှုအားကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်မှုအားကြည့်ရှုစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / May 11, 2026
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာနှင့် ပြတိုက်တည်ဆောက်ရေးတာဝန်ခံတို့က အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ တာဝန် ရှိသူများက ပြတိုက်အဆောက်အဦ ကြံ့ခိုင်မှုူရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စု ဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အဆောက်အဦအား ပြင်းအား ငလျင်ဒဏ် ခံနိုင်သည်အထိ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
သတင်းထုတ်ပြန်ချက်
Posted on May 11, 2026
