ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Digitalization of Industrial Russia 2026 ဖိုရမ် Plenary International Session တက်ရောက်ဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Digitalization of Industrial Russia 2026 ဖိုရမ် Plenary International Session တက်ရောက်ဆွေးနွေး
Ministry of Information/ Naypyitaw / May 21, 2026
နေပြည်တော် မေ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ ရောက်ရှိနေသော သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့ညနေပိုင်းတွင် Digitalization of Industrial Russia 2026 ဖိုရမ်၏ plenary international session ၌ "Digital Industry Map: Roles and Responsibilities on a Global Scale" ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဇင်ဘာဘွေနိုင်ငံ ဒုတိယသမ္မတ Mr. Constantino Chiwenga၊ ဆားဘီးယားနိုင်ငံ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ Chief of Staff, Mr. Lazar Pavlovic ၊ အိန္ဒိယနိုင်ငံ အီလက်ထရောနစ်နှင့်သတင်းအချက်နည်းပညာဝန်ကြီးဌာန၏ အတွင်းရေးမှူး Mr. Krishnan Saranyan တို့ ပါဝင်ဆွေးနွေးခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထုမီဒီယာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Alexander Shoitov ဦးဆောင်သောအဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား ဉာဏ်ရည်တုနည်းပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာနည်းပညာရပ်များတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ရုရှားနိုင်ငံ၏ သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေး Security Code ကုမ္ပဏီနှင့် ဇီဝအချက်အလက်အခြေခံအသုံးချ ပရိုဂရမ်များထုတ်လုပ်သည့် Biometric Technology Center မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် Nizhny Novgorod ၏ Governor Mr. Gleb Sergeevich Nikitin နှင့်တွေ့ဆုံပြီး Nizhny Novgorod မြို့ကို ရုရှားနိုင်ငံ၏ Quantum Valley ဖြစ်လာစေရေးအတွက် စီမံဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်အဆင်သင့်ဖြစ်သည့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကမ္ဘာ့အဆင့်မီ NEIMARK တက္ကသိုလ်တည်ထောင်လျက်ရှိမှုတို့ကို တွေ့မြင်ရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါစီမံကိန်းအနီးတွင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)ကိုလည်း တည်ထောင်ထားရှိသည့်အတွက် Nizhny Novgorod ၏ အတွေ့အကြုံများကို မျှဝေပေးစေလိုကြောင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
Posted on May 18, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
